ခမ်းသားငေါဝ်း
ဇွန် ၁၉၊ ၂၀၂၅

https://www.facebook.com/share/p/16pi9fZAi5/

တန့်ယန်းမြို့တွင် စစ်ကောင်စီမှ လိုင်စင်မဲ့ယာဉ် စတင်ဖမ်းဆီးနေခြင်းကြောင့် မြို့ထဲသွားလာသူများ နည်းပါးနေကြောင်း သိရသည်။

စစ်ကောင်စီသည် လိုင်စင်မဲ့ယာဉ်ဖမ်းဆီး သိမ်းဆည်းခြင်းကို စီမံချက်ဖြင့် ဖမ်းဆီးနေရာ ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့ထဲတွင်လည်း ဇွန်လ(၁၈)ရက်မှ စပြီး လိုင်စင်မဲ့ယာဉ် စတင်ဖမ်းဆီးနေကြောင်း ဒေသခံထံမှ သိရသည်။

“မနေ့က စတင်ဖမ်းတယ်။ အခုမြို့ထဲ သိသိသာသာ တိတ်ဆိတ်နေတယ်။ သွားလာသူ မရှိသလောက်ဖြစ်သွားတယ်။ ကားရော ဆိုင်ကယ်ပါ ဖမ်းတယ်။ အချို့ပြောတာ ဆိုင်ကယ် အစုတ်စီးထားရင် မဖမ်းဘူးပြောတယ်။ နောက်တခု “ဝ”စစ်သားတွေစီးတဲ့ကားကိုဆို တားတောင် မတားရဲဘူး ‌ကြားတာပဲ။ တစ်ပတ်လောက်ဖမ်းမယ် ကြားတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

စစ်ကောင်စီ‌ခေါင်းဆောင်မှ လိုင်စင်မဲ့ယာဉ်ဖမ်းဆီး သိမ်းဆည်းရန် ညွှန်ကြားပြီးနောက် ရှမ်းပြည်တောင်ပိုင်း တောင်ကြီး၊ အောင်ပန်း၊ ကလော၊ အေးသာယာ၊ ရွာငံ၊ ပင်းတယစသည့် မြို့များမှာ ဖမ်းဆီး သိမ်းဆည်းမှုများစွာ ရှိနေပြီး ရှမ်းမြောက် တန့်ယန်းမြို့မှာမူ ယမာန်နေ့မှ စပြီး စတင်ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#လိုင်စင်မဲ့ယာဉ်ဖမ်းဆီး
#သိမ်းဆည်းခြင်း
#စီမံချက်ဖြင့်ဖမ်းဆီးနေ
#တန့်ယန်းမြို့ထဲတွင်

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7