ခမ်းသားငေါဝ်း
ဇွန် ၁၇၊ ၂၀၂၅

https://www.facebook.com/share/p/1ECuW36Vji/

မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် ဟိုပုံးမြို့နယ် နောင်ဒေးကျေးရွာတွင် ပြောင်းခင်းများနှင့် သနပ်ဖက်စိုက်ပျိုးသူများအခက်တွေ့ရကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် နောင်ဒေးကျေးရွာတွင် မေလ ၂၅ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့ထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြောင်းစိုက်ခင်းများပျက်စီးသွားပြီး သနပ်ဖက်ပင်များလည်း ဆေးမဖြန်းရသည့်အတွက် ပိုးများကျနေသည်၊၊

“မိုးနေ့တိုင်းလိုလိုရွာနေတော့ ဘာမှလည်းလုပ်လို့မရဘူး၊ ကြားထဲ စိုက်ထားတဲ့ပြောင်းတွေလည်း အကုန်ရေထဲပါသွားတယ်၊ တစ်ချို့သူဆိုရင် သုံးကြိမ်တောင်စိုက်ရတဲ့သူလည်းရှိတယ်၊ ပထမက မျိုးစေ့မကောင်းတာနဲ့တိုး၊ဒုတိယက ရေကြီးတော့စိုက်ခင်းတွေပါကုန် ပိုက်ဆံရှိတဲ့သူက ပြန်စိုက်ကျပေမဲ့ ပိုက်ဆံမရှိတဲ့သူက ပြန်မစိုက်နိုင်ဘူး၊ တောင်သူတွေဆိုတာ စိုက်ပျိုးရေးကအဓိကမို့ ဒီနှစ်ကမိုးကြောင့်စိုက်ပျိုးရေးမဖြစ်ထွန်းတော့ နောက်နှစ်တွေတွက် မတွေးရဲဘူး ” ဒေသခံ ပြောင်းစိုက်သူတစ်ဦးပြောတယ်။

ဟိုပုံးမြို့နယ် နောင်ဒေးရွာသည် ပြောင်းနှင့် သနပ်ဖက်ကိုအဓိကထားစိုက်ပျိုးသည့်ရွာလည်းဖြစ်ကြောင်းသိရသည်။

“ မိုးရွာတော့ သနပ်ဖက်လည်းဆေးဖျန်းလို့မရဘူး၊ ဆေးမဖျန်းရတော့ သနပ်ဖက်ရွက်တွေပိုးစားကုန်တယ်၊ ဒါအပြင် ပြောင်းလည်းရေထဲပါသွား သနပ်ဖက်လည်းဆေးမဖျန်းရတော့ အရွက်ကမလှ၊ ဘာတစ်ခုမှလည်း အဆင်မပြေတော့ စားဝတ်နေရေးတွက် သွေးပူရတယ်၊” ဟု သနပ်ဖက်စိုက်သူတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်၊၊

ပြောင်းမျိုးစေ့တုဝယ်စိုက်မိလို့ မျိုးစေ့မပေါက်ကောင်းသည့်အပြင် မိုးအဆက်မပြတ်သွန်းမှုကြောင့် စိုက်ပျိုးခင်းတွေပျက်စီးရ၊ သနပ်ဖက်လည်းအရွက်မလှ စသည့်အခက်ခဲတွေကြောင့် စားဝတ်နေရေးမပြေလည်မှုတွေနဲ့ ကြုံတွေ့နေရကြောင်း သိခဲ့ရသည်။

PPV10
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ဟိုပုံးမြို့နယ်
#နောင်ဒေးကျေးရွာ
#မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်
#ပြောင်းစိုက်ခင်းများပျက်စီး
#သနပ်ဖက်ပင်များ
#ဆေးမဖြန်းရ
#ပိုးများကျနေ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7