ခမ်းသားငေါဝ်း
ဇွန် ၁၈၊ ၂၀၂၅
https://www.facebook.com/share/p/19EzuAMwQt/
နောင်ချိုမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်မှ ဟောင်ဝစ်ဇာဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ပြည်သူနေအိမ်(၂)လုံး ထိမှန် ပျက်စီးခဲ့ကြောင်း ယမာန်နေ့၌ TNLAမှ ထုတ်ပြန်ချက်အရ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့တွင် ဇွန်လ(၁၆)ရက် ညနေ(၅)နာရီအချိန်၌ စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကြီး(၅)လုံးသည် ဘူတာရပ်ကွက်ဖက်အတွင်း (၃)လုံး ကျရောက် ပေါက်ကွဲပြီး ကျန်(၂)လုံးသည် ကျောက်ဂူဘုန်းကြီးကျောင်းအောက်ဖက်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားသည်။
“အခြေအနေကတော့ ပိုဆိုးလာမယ်လို့ ယူဆရတယ်ဗျ။ တိုက်ပွဲကတော့ ကြာလေမြို့ထဲနီးလာသလို ဖြစ်နေတယ်။ ဒေသခံတော်တော်များများ ရှောင်ကြကုန်တယ်။ ကျန်ခဲ့တဲ့ ပစ္စည်းကို ခိုးတဲ့သူလည်း သပ်သပ်ကိုရှိတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
အလားတူ နောင်ချိုမြို့နယ် အုမ္မတီးနှင့် ရေမောင်းတန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLAတို့ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး (၉)လုံးနှင့် ဒရုန်းဗုံး(၂၆)လုံးဖြင့် ကျဲချတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇွန်လ(၁၆)ရက်မှာလည်း TNLAထိန်းချုပ်ရာ နမ္မတူ ကွတ်ခိုင်အနီးတဝိုက်တွင် စစ်ကောင်စီက လေကြောင်း(၃)စီးဖြင့် တပြိုင်တည်း ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ဇွန်လကုန်အထိ အပစ်ရပ်ကြောင်း ကြေညာထားသော်လည်း TNLAထိန်းချုပ်ရာ ဒေသအတွင်း ထိုးစစ်ဆင်နေသောကြောင့် မကြာခဏတိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။
PPV0011
ပုံ-TNLA
#လူ့အခွင့်အရေး
#နောင်ချိုမြို့တွင်
#တိုက်ပွဲဖြစ်ပွားခြင်းမရှိ
#ဟောင်ဝစ်ဇာ
#ပစ်ခတ်တိုက်ခိုက်
#TNLA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7