ခမ်းသားငေါဝ်း

ဇွန် ၁၈၊ ၂၀၂၅

https://www.facebook.com/share/p/16PtfGVHU9/

ကရင်နီပြည်နယ်တွင် စက်သုံးဆီစျေးများအဆမတန်မြှင့်တက်နေပြီး၊ ဝယ်ယူဖို့ရန် ခက်ခဲနေချိန် ဓာတ်ဆီ၊ ဒီဇယ် စျေးကစားဖို့ ထိန်းထားသူတွေ သတိထားကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဒု စစ်ဦးစီးချုပ် မာဝီက ၎င်း ၏လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားသတိပေးထားသည်။

“ဓါတ်ဆီ ဒီဇယ်တွေကို စျေးကစားဖို့ ထိန်းထားတဲ့သူတွေ သတိထားကြပါ ခေတ်ပျက်နေတဲ့အချိန်ကြီးပွါးချင်လို့မရပါ၊ ပြည်သူတွေအတွက်အရမ်းထိခိုက်လာရင် ကျနော်တို့ကတော့ လုပ်သင့်တာကိုလုပ်မှာဖြစ်ပါတယ် အဲ့အခါကျမှ လက်နက်နဲ့လူတွေက ဘာလုပ်တယ် ညာလုပ်တယ် လာမပြောနဲ့နော် ၊လက်နက်ရှိတဲ့သူတွေကိုယ်တိုင်က ထိန်းထားတဲ့ထဲပါနေရင်လည်း ပြည်သူမျက်နှာကလွဲလို့ ဘယ်မျက်နှာမှမကြည့်ဘူးနော် ၊တစ်ခါမဟုတ် နှစ်ခါမဟုတ် များနေပြီ ” ဟုဆိုပြီး သတိပေးရေသားထားသည်။

ကုန်စည်ဆင်းသည့် လမ်းကြောင်းများပိတ်ဆို့နေသောကြောင့် ဒီမောဆို အနောက်ဖက်ခြမ်းတွင် ဆီစျေးများအဆမတန်မြင့်တက်နေပြီး၊ ဝယ်ယူရန်ခက်ခဲနေကြောင်းသိရသည်။

” ဆီစျေးက တက်လာတာ ကြောက်ဖို့တောင်ကောင်းတယ်၊ တစ်လီတာကို ၅၀၀၀ ကနေတက်လာတာ ခုတစ်လီတာ ၁၀၀၀၀ ကျော် ထိရောက်နေပြီ၊ ဒါတောင်ဒီရက်ဆို ဆီရှာဝယ်လို့မရတော့ဘူး၊ အလုပ်သွားရင်တောင် လမ်းလျောက်သွားရတော့မယ်” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ကရင်နီပြည်နယ်၏ အဓိက ကုန်စည်စီးဆင်မှုလမ်းကြောင်းဖြစ်သော တောင်ငူ လမ်း ပိတ်ဆို့ထားသောကြောင့် ကုန်စည်စီးဆင်းမှုများ နှောင့်နှေးနေကာအခြားသောအခြေ ခံစားသောက်ကုန်များ စျေးတက်လာမည်ကိုလည်း ဒေသခံများစိုးရိမ်နေကြသည်။

PPV 003
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ကရင်နီပြည်နယ်
#စက်သုံးဆီစျေး
#ဝယ်ယူဖို့ရန်ခက်ခဲနေ
#ဓာတ်ဆီ
#ဒီဇယ်
#ကရင်နီအမျိုးသားများကာကွယ်ရေးတပ်
#KNDF
#ဒုစစ်ဦးစီးချုပ်မာဝီ
#လူမှုကွန်ရက်စာမျက်နှာ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal –