ခမ်းသားငေါဝ်း

ဇွန် ၁၈၊ ၂၀၂၅

https://www.facebook.com/share/p/1BEddVwSzQ/

မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂၀၂၅ ခုနှစ် နှစ်စမှ ဇွန်လ (၁၇)ရက်နေ့ အထိ အပြစ်မဲ့ ပြည်သူ (၁၀၀) ဦးသေဆုံးခဲ့ရပြီး သေဆုံးသူထဲမှ အသက် ၁၈ နှစ်အောက်ကလေးငယ် (၁၈)ဦး သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)မှ မနေ့ ဇွန်လ (၁၇)နေ့တွင်ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၄၇) ဦးနှင့် အမျိုးသား (၅၃) ဦး စုစုပေါင်း (၁၀၀) ဦး ထဲတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၈) ဦး ပါဝင်ကြောင်းကိုအမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်ဟုအေအေပီပီမှဆိုထားသည်။

သေဆုံးမှု အများဆုံး ဒေသမှာ မကွေးတိုင်းတွင် (၁၆) ဦးဖြစ်ပြီး ပဲခူးတိုင်းတွင် (၁၃) ဦး သေဆုံးခဲ့ကြောင်းဖော်ပြထားသည်။

ထို့ပြင် ပြီးခဲ့သည့် ဇန်နဝါရီလ (၉)ရက်နေ့တွင်လည်း ရှမ်း-ကယားနယ်စပ်၊ လွိုင်လင်လေးမြို့၊ အိုက်စမ်းရွာတွင် စစ်ကောင်စီသည် ကျေးရွာသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျရောက်ပေါက်ကွဲပြီး ၁၂ နှစ် ကလေးငယ် (၂ )ဦး ပွဲချင်းသေဆုံးခဲ့ရကြောင်းလည်း သိရသည်။

ထို့ကြောင့် စစ်ကောင်စီ အာဏသိမ်းပြီးချိန်မှစ၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၂၈၇) ဦးရှိပြီး ထိုအထဲမှ (၂၂၁၃၄) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၈၄၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း အေအေပီပီ မှ ရေးသားထုတ်ပြန်ထားပါသည်။

PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှု
#အပြစ်မဲ့ပြည်သူ
#နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
#အအပေီပီ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7