ခမ်းသားငေါဝ်း
ဇွန် ၁၇၊ ၂၀၂၅
https://www.facebook.com/share/p/1Bxu332MCv/
ရှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် ဒေသခံပြည်သူ (၅၆)ဦးကို စစ်ကောင်စီတပ်မှ အစုလိုက်အပြုံလိုက်၏ သတ်ဖြတ်ခံခဲ့ရမှုကို မမေ့ကြရန် Tai Students’ Unionမှ ဇွန်လ(၁၆)ရက်၌ ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်မှ (၁၉၉၇)ခုနှစ် ဇွန်လ(၁၆)ရက်တွင် ကွန်ဟိန်းမြို့နယ်ရှိ ဒေသခံပြည်သူ (၅၆)ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုသည် ယမာန်နေ့တွင် (၂၈)နှစ်ပြည့်သည့်တိုင် တရားမျှတမှု မရရှိသေးကြောင်း ဖော်ပြထားသည်။
(၁၉၉၆-၂၀၀၀)ခုနှစ် ဝန်းကျင်ကာလတွင် စစ်ကောင်စီတပ်မှ ရှမ်းပြည်အတွင်း ဖြတ်လေးဖြတ်စစ်ဆင်ရေးကို အကြောင်းပြုပြီး အရက်စက်ဆုံးသော စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါကာလတွင် သာမက စစ်ကောင်စီတပ်သည် (၁၉၅၀)ခုနှစ် ရှမ်းပြည်အတွင်းသို့ ဝင်ရောက်လာသည့်အချိန်မှ စပြီး ယနေ့အချိန်ထိ ရှမ်းပြည်သူတို့အပေါ် မရေတွက်နိုင်သော စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ပြီး ပြည်သူများအတွက် တရားမျှတမှု ယနေ့ချိန်ထိ မရသေးကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်မှ ရှမ်းပြည်အတွင်း (၁၉၉၆-၁၉၉၉)ခုနှစ်ကာလမှာ သတ်ဖြတ်ခဲ့သော ပြည်သူဦးရေ (၁၀၀၀)ကျော်ရှိပြီး (၁၉၉၆)မှ (၂၀၀၀)ခုနှစ်တွင်လည်း ရှမ်းပြည် အမျိုးသမီးများ အဓမ္မပြုကျင့်ခံခဲ့ရသော ဦးရေ (၆၂၅)ဦးအထက် ရှိကြောင်း ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း သတ်ဖြတ်ခံရသော ပြည်သူဦးရေ (၅၃၆) ဦး အထက်ရှိကြောင်း ဖော်ပြထားသည်။
“စစ်အာဏာသိမ်းပြီး(၄)နှစ်ကျော်အတွင်း စကစကြောင့် အရပ်သား (၅၃၆)ဦး သေဆုံးခဲ့ပါတယ်။ ဒါက SHRF က စာရင်းနဲ့ သီးခြားအတည်ပြုစာရင်းကောက်လို့ ရတာပဲရှိသေးပြီးတော့ ထပ်မံအတည်မပြုနိုင်တဲ့ စာရင်းတွေ ကျန်ပါတယ်။ အများစုက လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးတာပါ”ဟု Tai Students’ Union က ဖော်ပြထားသည်။
ထို့ကြောင့် ရှမ်းတော်လှန်ရေးတပ်ဖွဲ့များထံကို နှစ်ရှည်လများ ဖိနှိပ်ခံခဲ့ရသော ပြည်သူတို့၏ အသက်သွေးချွေးတို့ကို ထောက်ထားကာ အကြမ်းဖက်စစ်ကောင်စီနှင့် လက်တွဲမှု မပြုကြပါရန်နှင့် ဘုံရန်သူကို မမေ့ဘဲ စည်းလုံးစွာ တော်လှန်သွားကြပါရန် Tai Students’ Union မှ အသိပေးတောင်းဆိုထားသည်။
PPV0011
ပုံ-Tai Students’ Union
#လူ့အခွင့်အရေး
#ရှမ်းပြည်တောင်ပိုင်း
#ကွန်ဟိန်းမြို့နယ်
#ကျေးရွာနှစ်ရွာ
#ဒေသခံပြည်သူများ
#အစုလိုက်အပြုံလိုက်သတ်ဖြတ်
#Tai Students’ Unionမှ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7