ခမ်းသားငေါဝ်း

ဇွန် ၁၈၊ ၂၀၂၅

https://www.facebook.com/share/p/1BtWevS7iz/

မြန်မာနိုင်ငံတွင် အသက်(၃၁)အရွယ် အမျိုးသားတစ်ဦး ကိုဗစ်ရောဂါဖြင့် မနေ့ဇွန်လ (၁၇)ရက် ညနေပိုင်း အချိန်တွင် သေဆုံးသွားခဲ့တယ်လို့ M-Rescue Magway သိရပါသည်။

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ ရွှေအိုး (၁) ရပ်ကွက်တွင် နေထိုင်သူ အသက် (၃၁)နှစ် အရွယ် အမျိုးသားသည် မကွေးပြည်သူဆေးရုံး၌ မနေ့ည နေပိုင်းတွင် သေဆုံးခဲ့ပြီး ရင်ခွဲရုံးတွင် စစ်ဆေးကြည့်ရာ ကိုဗစ်ကြောင့် သေဆုံးသွားကြောင်းသိရပါသည်။

“ရင်ခွဲရုံးမှာ ကိုဗစ်လူနာတစ်ဦးတွေ့တယ်ဆိုတော့ ကျွန်တော်တို့သွားတယ် ၊ ရင်ခွဲရုံးကနေ သုသာန်ကိုပို့ပေးပါအုံးဆိုတော့အကူညီတောင်းတော့ ကျွန်တော်တို့သွားပို့တာပါ၊ ကိုဗစ်ကတော့သေချာပါတယ်၊သေတာ မနေ့ညက သေချာ ရင်ခွဲရုံးမှာ သေချာ စစ်ဆေးပြီးမှာ ဒီနေ့ သုသာန်ကိုသွားပို့တာပါ၊ ကျွန်တော်တို့ သေချာမေးတော့ ကိုဗစ်ဆိုတာ သေချာတယ်ဆိုခါကြတော့ ဝတ်စုံအပြည့်စုံသေချာဝတ်ပြီးတော့ ပို့ခဲ့တာပါ”ဟု M-Rescue Magway မြေပြင်လူမှုကူညီရေးအသင်းမှ ခမ်းသားငေါဝ်းကိုပြောသည်။

သေဆုံးသူ အမျိုးသားရုပ်အလောင်းကို ယနေ့ဇွန်လ (၁၈) ရက် နံနက် ၁၁ နာရီကျော်အချိန်တွင် M-Rescue Magway မြေပြင်လူမှုကူညီရေးအသင်းမှ ရုပ်အလောင်းကိုသေချာထုတ်ပိုးပြီး မကွေးမြို့ရှိ ချမ်းမြေ့သာယာသုဿန်တွင် သဂြိုလ်လိုက်ကြ ကြောင်းသိရပါသည်။

မြန်မာနိုင်ငံတွင် ဇွန်လ (၁)နေ့မှ (၁၅)ရက်နေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၈၀)ကျော်အထိ ရှိခဲ့ပြီး ပိုးတွေ့ရှိနှုန်းမှာလည်းမှာ (၂ ဒသမ ၂၈) ရာခိုင်နှုန်းဖြစ်၍ ပိုးတွေ့မှုရာခိုင်နှုန်းမြင့်တက်လာကြောင်းထုတ်ပြန်ထားပါသည်။

PPV13
ပုံ-M-Rescue Magway
#မကွေးတိုင်းဒေသကြီး
#တောင်တွင်းကြီးမြို့
#ရွှေအိုးရပ်ကွက်
#မကွေးပြည်သူဆေးရုံ
#ရင်ခွဲရုံးတွင်စစ်ဆေး
#ကိုဗစ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7