ခမ်းသားငေါဝ်း
ဇွန် ၁၆၊ ၂၀၂၅

https://www.facebook.com/share/p/1J4KsXac8y/

လားရှိုးမြို့တွင် လျှပ်စစ်မီးရရှိရန်အတွက် ဒေသခံများ ကိုယ်တိုင်ဖြေရှင်းနေရကြောင်း လားရှိုးမြို့ခံထံက သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့တွင် လျှပ်စစ်မီးပြန်ရနေပြီပြောသော်လည်း မီးမရသေးသည့် ရပ်ကွက်အများအပြားရှိနေပြီး ဒေသခံပြည်သူများကိုယ်တိုင်က ကိုယ်ထူကိုယ်စနစ်ဖြင့် ပိုက်ဆံများစိုက်ကာပြုပြင်နေရသည်။

” လျှပ်စစ်မီးက မီးလာတဲ့ရပ်ကွက်ထက်မီးမလာသေးတဲ့ရက်ကွက်ပိုများပါတယ်။ မီးလာတဲ့ရပ်ကွက်လည်း တပတ်ကိုသုံးရက်လောက်ပဲလာတယ်။ ဒါတောင်မသေချာဘူး။ ကျွန်တော်တို့ရပ်ကွက်ဘက်ဆိုလုံးဝကိုမလာသေးဘူး။ အချို့ရပ်ကွက်တွေကျ သူတို့ရက်ကွက်မှာမီးကြိုးတွေပျောက်နေလို့ အိမ်ခြေဘယ်လောက်ရှိလဲတွက်ပြီး တစ်အိမ်ဘယ်လောက်ဆိုပြီး စုလိုက်တယ် မီးကြိုးဝယ်ပြီး EPC ကိုကုန်ကျစရိတ်ပေးတယ်။ ပြီးရင်သူတို့လာပြင်ပေးတယ်။” ဟုမြို့ခံအမျိုးသားတဦးမှခမ်းသားငေါဝ်းကို ပြောသည်။

လားရှိုးမြို့သိမ်းတိုက်ပွဲအပြီးတွင် မီးကြိုး၊ထရမ်စပါရှိ ပစ္စည်းများ ခိုးယူမှုများရှိကြောင်း သိရသည်။

“ပိုက်ဆံရှိတဲ့အိမ်တွေကတော့ပိုပေးတာပေါ့ မီးကြိုးလိုရင်မီးကြိုးပေါ့ အဲလိုစုပေါင်းပြီးကိုယ်ထူကိုယ်ထပြင်ရတာပဲ မဟုတ်ရင်မီးလာမှာတောင်မဟုတ်ဘူး။”ဟုဒေသခံအမျိုးသမီးတဦးမှပြောသည်။

လားရှိုးမြို့တွင် ရပ်ကွက်အများစု လျှပ်စစ်မီးမရရှိသောကြောင့် မိးလာသော ရပ်ကွက်များတွင် ဖုန်းနှင့်ပါဝါဘဏ်များကိုပိုက်ဆံပေးပြီးအားသွင်းနေရကြောင်းသိရသည်။

#PPV005
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#လားရှိုးမြို့
#လျှပ်စစ်မီး
#မီးမရသေး
#ကိုယ်ထူကိုယ်စနစ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7