ခမ်းသားငေါဝ်း
ဇွန်လ ၁၆၊ ၂၀၂၅
https://www.facebook.com/share/p/1YuZpg1W75/
တောင်ကြီးပတ်စ်ပို့ရုံး၌ ရှမ်းမြောက်မှ ရှမ်းတိုင်းရင်းသားမိသားစု ပတ်စ်ပို့ပြုလုပ်ရာတွင် ဗမာစာ၊ စကားမတတ် သည့် အဖိုးအဖွားကို ဒဏ်ကြေးဟုဆိုပြီး အဆမတန်ငွေကောက်ခံနေကြောင်း ကာယကံရှင်ထံသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ပတ်စ်ပို့ရုံးတွင်ပြီးခဲ့သည့်တပတ်ကျော်က ရှမ်းမြောက်မှ မိသားစုလိုက် ပတ်စ်ပို့လာရောက်ပြုလုပ်ရာ ဗမာစကားမတတ်၍ ဒဏ်ကြေးတစ်ဦးတစ်သိန်းပေးဆောင် ခဲ့ရကြောင်း ကာယကံရှင်ထံသိရသည်။
‘’ကျွန်မမိသားစုက ရှမ်းမြောက်ကနေလာရတာ ကုန်ကျစရိတ်များလွန်းလို့ နောက်တခေါ်လာဖို့လည်းမလွယ်ဘူး လေ၊ ကျွန်မမိခင်နဲ့ ဖခင်က ဗမာစကားမတတ်လို့ ကွန်ပျူတာကိုင်တဲ့ စာရေးက အိမ်ပြန်မလား၊ ဒဏ်ကြေးဆောင်မလား ပြောတော့ ပိုက်ဆံမရှိဘူးပြောလည်းမရဘူးပေးလိုက်ရတယ်။”ဟု ကြုံတွေ့ခဲ့ရသည့် ကာယကံရှင်က ခမ်းသားငေါဝ်းကိုပြောသည်။
ထို့အပြင်ပတ်စ်ပို့ပြုလုပ်ရာတွင် ရှမ်းမြောက်အတွက် တရားဝင်ခွင့်ပြုပြီး QR ရက်ချိန်းဖြင့် အစိုးရသတ်မှတ်ငွေ တစ်ဦးလေးသောင်းကျပ် သွင်းထားပြီးသွားလုပ်သော် လည်း ပတ်စ်ပို့ရုံးတွင် တစ်ဦးလျှင်ငါးသောင်းကျပ်၊ လျှောက်လွှာစာရွက်ထုတ်သည့်တာဝန်ခံတွင် ငါးသောင်းကျပ်၊ ဓါတ်ပုံခန်းတွင် (၃) သောင်းကျပ်၊ ကွန်ပျူတာ ခန်းတွင် (၃) သောင်းကျပ် ထပ်မံပေးဆောင်ရကြောင်းသိရသည်။
‘’ယခုလို ရုံးတွင်းအပိုငွေတွေလွန်ကဲစွာ ကောက်ခံနေတဲ့အတွက် ပတ်စ်ပို့ လုပ်တဲ့ပြည်သူတွေက နိုင်ငံတော် တရားဝင်သတ်မှတ်ထားတဲ့ငွေအပြင် ထပ်တိုးပေးဆောင်ရတာကြောင့် အခက်ခဲဖြစ်သလို၊ အကျင့်ပျက် အရာရှိ ဝန်ထမ်းတွေကို လိုအပ်သလို ကြပ်မတ်အရေးယူပေးဖို့ တောင်းဆိုချင်တယ်”ဟု ၎င်းက ဆက်ပြောသည်။
ဒဏ်ကြေးဟု ပြောဆိုရအောင်လည်း ရက်နောက်ကျခြင်းမရှိသလို မှတ်ပုံတင်၊ အိမ်ထောင်စု၊ Smard card အကုန်လုံးပြည့်စုံစွာမှန်ကန်သော်လည်း ဒဏ်ကြေးဟု ငွေတောင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် ကုန်ကျမည့်ငွေစာရင်းကို စစ်ကောင်စီအစိုးရက တရားဝင် ကြေညာထားသော်လည်း အဆင့်ဆင့်ငွေကောက်ခံခြင်းရှိနေကြောင်းဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီးနောက် အစိုးရရုံးများပိတ်ခဲ့ရပြီး ယခုချိန်ထိပတ်စ်ပို့ရုံး မဖွင့်နိုင်သေးကြောင်းသိရသည်။
#ppv002
#Humanright
#ပတ်စ်ပိုစ့်ရုံး
#တောင်ကြီး
#ငွေတောင်း
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295