ခမ်းသားငေါဝ်း
ဇွန်၁၅၊ ၂၀၂၅
https://www.facebook.com/share/p/16NG4VkesM/
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဂေါ်ဖီထုပ်စိုက်တောင်သူများသည် ဇွန်လ အတွင်းမိုးကြီးမှုကြောင့် ဂေါ်ဖီထုပ်စိုက်ခင်းများ ရေလွှမ်းခံရပြီး ဂေါ်ဖီထုပ် ရောင်းမရသဖြင့် အခက်အခဲကြုံ နေရ ကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းနှင့် ဟဲဟိုး မြို့ရှိ ဂေါ်ဖီထုပ်စိုက်တောင်သူများ မိုးကြီး၍ ဂေါ်ဖီထုပ်စိုက်ခင်း ရေလွှမ်းသဖြင့် စျေးကောင်းမရသည့်အပြင် ရောင်းမရ သည့်အတွက် တောင်သူများအခက်ခဲကြုံနေရသည်။
“ ရေအရမ်းများတယ် ၊ ရောင်းမရတော့ဘူး၊ ဝယ်သူလည်း မဝယ်ရဲတော့ဘူးလေ ၊ အခုကျွန်တော်ခြံက နှစ်ဧကခွဲလောက်ပါသွားတယ်၊ သိန်း၇၀လောက်အရင်းပါသွားတာပေါ့၊ ကိုယ်တစ်ယောက်ထဲဖြစ်တာမဟုတ်တော့လေ မခံစားရပါဘူး၊ သူများတွေလည်းဖြစ်တာကို ၊စိတ်ဓာတ်ကျမိတာ ပေါ့၊ အရင်းနှီးမရှိတော့လို ဘယ်လို့လုပ်မရမလဲ စဉ်စားနေတာ”ဟု ဟဲဟိုးမြို့ ပုန်းအင်း တောင်သူတစ်ဦးမှ ခမ်းသားငေါဝ်းကိုပြောသည်။
ထို့ပြင် ဂေါ်ဖီထုပ် တစ်လုံးစျေးသည် ယခုလ ပေါက်စျေးအရ ၄၀၀ ကျပ်သာ ရရှိကြောင်းသိရသည်။
“အခုစျေးက ၄၀၀ တဲ့၊ ခုက ဘယ်လို့မှာလုပ်မရတော့ဘူး၊ ခုချိန် စက်နဲ့ခုတ်ထုတ် ရင်လည်းမနိုင်တော့ဘူး၊ ရေဝင်တော့ အပင်လည်းသေပြီး ပုတ်ပြီးလေ၊ မိုးက အခုနေ့ နဲ့ဆို ၅ ရက်လောက်ရှိပြီ”ဟု ၎င်း ကဆက်ပြောသည်။
ပြီးခဲ့သည့် မေလ တွင်းလည်း ရှမ်းတောင်အတွင်း ထွက်ရှိသည့် ဂေါ်ဖီထုပ်သည် ဂေါ်ဖီထုတ်တစ်ထုပ်ကို ၂၀၀ ကျပ်သာ ရရှိသဖြင့် တောင်သူများ အရှုံးပေါ်ခဲ့ ရကြောင်းသိရသည်။
PPV0013
ပုံ-အွန်လိုင်း
#စိုက်ပျိုးရေး
#ပင်လောင်း
#ဟဲဟိုးမြို့
#ဂေါ်ဖီထုပ်စိုက်တောင်သူ
#ဂေါ်ဖီထုပ်စိုက်ခင်းရေလွှမ်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7