ခမ်းသားငေါဝ်း
ဇွန်လ ၁၅ ၊ ၂၀၂၅

https://www.facebook.com/share/p/1N9oThBqVx/

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် မိုးများရက်ဆက်ရွာသွန်းမှုကြောင့် ပြောင်းခင်းများ ပျက်စီးကုန်ကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဇွန်လ (၉)ရက်မှစ၍ ယနေ့အထိ မိုးများရက်ဆက် ရွာသွန်းနေပြီး ပြောင်းခင်းဧက တစ်ထောင်နီးပါး ပျက်စီးပြီး ဒေသခံအရင်းနှီးများ ဆုံးရှုံးကုန်ကြောင့် ရွာခံများက ပြောသည်။

“မိုးကနေ့တိုင်းရွာနေတာ ဘာအလုပ်မှ လုပ်လို့မရဘူး။စိုက်ထားတဲ့ ပြောင်းခင်းတွေလည်း ရေမြုပ်ကုန်လို့ ဘာမှ လုပ်လို့မရတော့ဘူး။ ကုန်စိမ်းကို အားပြုပြီး အသက်မွေးဝမ်းကျောင်း ပြုနေရတော့ ခုအရင်းတောင် မကျန်တော့ဘူး။ ဘာတွေ လုပ်စားရမှန်းလဲ မသိတော့ဘူး။” ဟု ရွာငံ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ရွာငံတွင် ပြောင်းခင်းအပြင် ဂေါ်ဖီခင်းများ နှင့် တခြားသော ဒေသထွက် သီးနှံစိုက်ခင်းများလည်း ရေမြုပ်ပျက်စီးသွားသောကြောင့် တောင်သူများ ဒုက္ခရောက်နေရကြောင်း ၎င်းက ပြောသည်။

ရှမ်းတောင်ဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားပြီး လယ်စပါးခင်းဧကပေါင်းများစွာရေမြှုပ်ပျက်စီးကုန်ကြောင်းသိရသည်။

#PPV-008
#သဘာဝဘေး
#ရွာငံ
#ရေကြီးရေလျှံမှု

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295