ခမ်းသားငေါဝ်း

ဇွန် ၁၅၊ ၂၀၂၅

https://www.facebook.com/share/p/1AVM5yiMf2/

ဖယ်ခုံမြို့နယ် ၊ မိုးဗြဲ အနောက်ဖက် ခြမ်းရှိ ကျေးရွာတစ်ရွာကို ဇွန်လ ၁၄ ရက်နေ့ ညနေပိုင်းအချိန်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး(၇)လုံးနှင့် ပစ်ခတ်ခဲ့ကြောင်း MBPDF မှ ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်တွင် ဇွန်လ (၁၄) ရက်နေ့ ညနေ ၂ နာရီဝန်းကျင်အချိန် မိုးဗြဲအနောက်ဖက်ခြမ်း၊ ကျေးရွာတစ်ရွာအတွင်း ပစ်မှတ်ထား၍ စစ်ကောင်စီမှ လက်နက်ကြီး (၇)လုံးပစ်ခတ်မှုကြောင့် လူနေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ရပြီး ကျေးရွာပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင့် ထုတ်ပြန်ထားသည်။

“ယနေ့အချိန်တွင် အဘက်ဘက်မှ စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီက ပြည်သူလူထူရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးနေတာပါ”ဟု MBPDF မှ ဆိုထားသည်။

ထို့ကြောင့် အများပြည်သူလူထုများအနေဖြင့် အရေးကြီးသောကိစ္စရှိမှသာ ကျေးရွာအတွင်းသို့ ဝင်ရောက်ပါရန် တိုက်တွန်းနိုးဆော်ထားသည်။

ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီက ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေကာ ယနေ့အချိန်ထိ တော်လှန်ရေးတပ်များ နှင့်ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးနေကြောင့်သိရှိပါသည်။

PPV0013
ပုံ-MBPDF
#လူ့အခွင့်အရေး
#ဖယ်ခုံမြို့နယ်
#မိုးဗြဲအနောက်ဖက်ခြမ်း
#ကျေးရွာတစ်ရွာအတွင်း
#လက်နက်ကြီးပစ်ခတ်
#လူနေအိမ်အချို့ထိခိုက်ပျက်စီး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

You missed