ခမ်းသားငေါဝ်း
ဇွန်လ ၁၅၊ ၂၀၂၅
https://www.facebook.com/share/p/193uqCmowa/
ကန်ရေ မသန့်ရှင်းခြင်းကြောင့် ပင်လုံရေကန်၌ ငါးများသေဆုံးရခြင်းဖြစ်ပြီးရေကန်ကို သန့်ရှင်းရေး လုပ်ပေးရန် လိုအပ်နေကြောင်း ပင်လုံမြို့ရှိ ဒေသခံများက ဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့ဂုဏ်ဆောင် မြို့အလယ် ၊ ဘုရားရှေ့ရှိရေကန်တွင် မွေးထားသော ငါးခူများသည် ဇွန်လ ၁၅ ရက် အထိ သေဆုံးလျက် ရှိပြီး ၊ တစ်ရက်လျှင် ငါးကောင် ခြောက်ကောင် ငါး သေဆုံးခြင်း ရှိနေသေး ကြောင်း ဒေသခံ ထံမှ သိရသည်။
ထိုသို့ ဖြစ်ရခြင်းသည် ရေကန်ရှိ ကန်ရေသန့်ရှင်းမှု မရှိခြင်း ၊ အောက်ဆီဂျင် မလုံလောက်ခြင်းကြောင့် ငါးများ သေဆုံးခြင်းဖြစ်ပြီး ရေကန်ကို သန့်ရှင်းရေး လုပ်ပေးရန်နှင့် နွံဆယ်ယူပေးရန် လိုအပ်ကြောင်း ဒေသခံ က ဆိုသည်။
“ရေမသန့်လို့ ဖြစ်တာပါ၊ ရေဖောက်ချ နွံဆယ်ပေးမှ ကောင်းပါမယ်။ ရေကန် သန့်ရှင်းရေး မလုပ်တာ နှစ် ၂၀ ကျော်နေပြီ။ အခု ကန်ထဲမှာ ဆလားဗီးယား နဲ့ ငါးရံ့အသေးပဲ ကျန်တော့တယ်။ ရေအနံ့လည်း ပုပ်စော်နံသလို နွံတွေလည်း ဒူးလောက် ရှိနေတာ သန့်ရှင်းရေး လုပ်ပေးဖို့ လိုအပ်တယ်” ဟု ပင်လုံမြို့ခံ တစ်ဦးက ဆိုသည်။
ဇွန်လ ၂ ရက် မနက်ပိုင်းတွင် ပင်လုံမြို့ရှိ ရေကန်အတွင်း မွေးထားသော ငါးအမြောက်အများ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တချို့ကလည်း ငါးအဆိပ်မိခြင်းကြောင့်ဟု ပြောဆိုနေကြသလို၊ ငါးကန်အတွင်း ဂေါ်ဖီထုပ်များ အိတ်လိုက် ငါးစာ ကျွေးခြင်း ၊ အစားအသောက်များ ရေကန်အတွင်း ငါးစာကျွေးခြင်းတို့ကြောင့်လည်း ကန်ရေ ညစ်ညမ်းခြင်းကြောင့် ဟုလည်း ပြောဆို ဝေဖန်ခြင်း ရှိသည်။
ထို ရေကန်မှာ သန့်ရှင်းရေး မလုပ်သည်မှာ နှစ်ပေါင်း များစွာ ကြာမြင့်ပြီ ဖြစ်သောကြောင့် ကန်ရေ ညစ်ညမ်းနေခြင်း ဖြစ်ကြောင်း ရှေ့မှီနောက်မှီ ရပ်မိရပ်ဖ တစ်ဦးက ဆိုသည်။
ပင်လုံမြို့ရှိ ရေကန်သည် ပေ ၂၀၀ ပတ်လည် အကျယ်အဝန်းရှိပြီး ၊ မြို့အလယ် ဘုရားရှေ့တွင် တည်ရှိခြင်း ဖြစ်ကြောင်း သိရသည်။
#PPV-006
#social
#ပင်လုံ
#ငါးကန်
#ရေညစ်
#ငါးသေ
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295