ခမ်းသားငေါဝ်း
ဇွန်လ ၁၄၊ ၂၀၂၅

https://www.facebook.com/share/p/1G6hTmsrGY/

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကန်ရေမြင့်တက်လာပြီး သီးနှံစိုက်ခင်းအများအပြား ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရှိရသည်။

အင်းလေးကန်အတွင်းတွင် စိုက်ပျိုးထားသော ခရမ်းချဉ်သီးပင်၊ ငရုတ်သီးပင်၊ ခရမ်းပင်၊ ပဲသီးပင်၊ မြေပဲပင်နှင့် စပါးပင်တို့သည် ရေလျှံမှုကြောင့် များပြားစွာ ပျက်စီးဆုံးရှုးနေကြောင်း သိရပြီး၊ တောင်သူများအတွက် များစွာသော စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းအခက်အခဲ ဖြစ်လာစေခဲ့သည်။

ညောင်ရွှေမြို့နယ်အနောက်ဘက်နှင့် အရှေ့ဘက် ကမ်းတစ်လျှောက်ရှိ စပါးခင်းများ၊ မြေပဲခင်းများနှင့် စားဖိုသုံးသီးနှံ စိုက်ခင်းအများအပြားသည် ရေမြုပ်သွားပြီး ပျက်စီးမှုခံစားနေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“စပါးခင်းတွေ တစ်ဝက်ကျော်လောက် ရေမြုပ်သွားတယ်။ ခရမ်းချဉ်သီးကျွန်းမျော၊ ပဲသီး၊ ငရုတ်သီးစသည်တို့လည်း ပျက်စီးဆုံးရှုးမှု ရှိပါတယ်။ ဒီတစ်ခေါက်ရေတက်လာတာ စောတယ်။ နေ့တိုင်း မိုးတွေ ဆက်တိုက်ရွာနေလို့ ရေအဆင့် တက်နေတယ်” ဟု နန်းပန်ဒေသခံတစ်ဦးက ပြောသည်။

ဇွန်လ ၁၂ ရက်နေ့အထိ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခြင်းကြောင့် စပါးပင်များကို ရိတ်သိမ်းရန်မရောက်သေးခင်ကနေ ရေမြုပ်ခြင်းခံခဲ့ရသဖြင့် တောင်သူများအနေဖြင့်အခက်ခဲကြုံတွေ့ နေရကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင်လည်း အင်းလေးကန်တွင် စံချိန်တင် ရေကြီးမှုကြုံတွေ့ခဲ့ကြပြီးနောက်၊ ၂၀၂၅ ခုနှစ် မိုးဦးရာသီသည် အစောဝင်လာကာ ထပ်မံ၍ သီးနှံများပျက်စီးဆုံးရှုံးမှုကို ဖြစ်စေခဲ့သည်။

#ppv006
#ညောင်ရွှေ
#အင်းလေး
#သီးနှံပျက်စီး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295