ခမ်းသားငေါဝ်း
ဇွန်လ ၁၃၊ ၂၀၂၅

https://www.facebook.com/share/p/1CLuJ4eWmd/

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် ရေကြီးခြင်းကြောင့် ရေဘေးရှောင် ပြည်သူများ ဘုန်းတော်ကြီးကျောင်း၌ ခိုလှုံနေကြရကြောင်း သိရသည်။

ရွှေညောင်မြို့၊ တာယောချောင်းရေ မြင့်တက်ခြင်းကြောင့်​ ရွှေညောင်မြို့ရှိ ၊ ရတနာရပ်ကွက်၊ ရွှေဘုံသာ ရပ်ကွက်၊ နှင့် မင်္ဂလာရွှေဘို ရပ်ကွက် များမှ နေအိမ်များ အတွင်း သို့လည်းကောင်း၊ လမ်းရေကျော်ခြင်း ချောင်းရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ရွှေညောင်မြို့တွင် တာယောချောင်းရေဝင်ရောက်ခြင်းကြောင့် ရေဘေးသင့် ပြည်သူများသည် ဓမ္မာရုံ နှင့် ဘုန်းတော်ကြီးကျောင်းများ ၌ ရွေ့ပြောင်းခိုလှုံနေကြရကြောင်း သိရသည်။

“ တာယောဘက် ရေတက်နေတာ ခုမနက် ခါးလောက် ရှိနေပြီ။ အိမ်တွေ တော်တော် မြုပ်တယ်။အခု မနက်အထိ ကို ရောက်လာသူတွေ ရှိသေးတယ်။ တာယောချောင်း ရေတက်နေလို့ လမ်းရေကျော် လို့ ရွေ့ပြောင်း ပြီး နေကြရတယ်။” ဟု ရွှေညောင်မြို့ခံ တစ်ဦးက ဆိုသည်။

ဇွန်လ ၁၂ ရက်တွင် မိုးသည်းထန်စွာ ရွာခြင်းကြောင့် တာယောချောင်းရေ မြင့်တက်လာသဖြင့် ရွှေညောင်မြို့ ရှိ ပြည်သူများ လမ်းရေကျော်ခြင်း ၊ နေအိမ်တွင်း ရေဝင်ရောက်ခြင်းတို့ကြောင့် နေရာ ရွေ့ပြောင်းရခြင်း ဖြစ်သည်။

ထို့ပြင် ရွှေညောင် – ညောင်ရွှေ သွားလမ်းပိုင်း နှင့် ရွှေညောင် – ရပ်စောက် သွားလမ်းရှိ ဆင်တဲ တွင်လည်း လမ်းရေကျော်ခြင်း များလည်း ရှိကြောင်း သိရသည်။

ထို ရေဘေးရှောင် ပြည်သူများတို့ကို လူမှုကူညီရေး တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ကူညီဆောင်ရွက်ပေးကာ ရွှေညောင်မြို့ရှိ ရေဘေး လွတ်ကင်းရာ လှိုင်ဘုံသာ ရပ်ကွက်၊ ပရိယတ္တိ စာသင်တိုက် အတွင်းရှိ ဇေယျာသီရိ ဓမ္မာရုံ နှင့် မင်္ဂလာအောင်မြေ ရပ်ကွက်ရှိ ဒက္ခိဏာရာမ ဘုန်းတော်ကြီးကျောင်းတိုက် တို့တွင် ရွေ့ပြောင်းကာ ခေတ္တ ခိုလှုံနေကြရကြောင်း သိရသည်။

ထို့ပြင် ညောင်ရွှေမြို့နယ် ၊ အင်းလေးကန်တွင် ၂၀၂၅ ခုနှစ် ဇွန်လ မှာပင် မိုးရေချိန် ရေအမှတ်သည် ယခင်နှစ် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ရေကြီးချိန် ရောက်နေသော ရေအမှတ် ကို ရောက်ရှိနေကြောင်း ၊ တောင်ဘက်တွင် ပိတ်ထားသော ဆည်ကို မဖွင့်လျှင် စိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရသည်။

#PPV-006
#သဘာဝဘေး
#ရွှေညောင်
#ရေဘေး
#ရေကြီးရေလျှံမှု

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295