ခမ်းသားငေါဝ်း
ဇွန်လ ၁၃၊ ၂၀၂၅
https://www.facebook.com/share/p/1B6SGmdaz5/
မိုးဗြဲတွင် ထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများ အဆက် မပြတ်ပစ်ခတ်နေကြောင်း တော်လှန်ရေး ရဲဘော်တစ်ဦးထံမှသိရသည်။
ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီက ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေကာ ယနေ့အချိန်ထိ တော်လှန်ရေးတပ်များ နှင့်ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
” ထိတွေ့မှုတွေကတော့နေ့တိုင်းလိုလိုရှိတယ်၊ အခြေအနေကတော့ စစ်ကောင်စီကမိုးဗြဲကို ပြန်ရဖို့ အပြင်းအထန်ကြိုးစားနေတယ်၊ လက်နက်ကြီးတွေ ရက်တိုင်းပစ်နေတယ်၊ ကျွန်တော်တို့ ဖက်ကတော့ မိုးဗြဲပြန်းမပေးရဖို့ အကောင်းဆုံး ခုခံတိုက်ခိုက်နေပါတယ်” ဟုတော်လှန်ရေးရဲဘော်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
တိုက်ပွဲအတွင်း နှစ်ဦးနှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိသော်လည်း ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။
တိုက်ပွဲအခြေအနေများပြင်းထန်နေသောကြောင့် မိုးဗြဲလမ်းမကြီးအား သွားလာဖြတ်သန်းခြင်းမပြုလုပ်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့များကအသိပေးထုတ်ပြန်ထားသည်။
ဖယ်ခုံအင်းအရှေ့ဖက်ကမ်းတွင်လည်း စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တို့က အင်အား ၁၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့တိုက်ပွဲများပြင်းထန်နေလျက်ရှိသည်။
#PPV 003
#တိုက်ပွဲ
#မိုးဗွဲ
#လက်နက်ကြီး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295