ခမ်းသားငေါဝ်း
ဇွန်လ ၁၃၊ ၂၀၂၅

https://www.facebook.com/share/p/16eGT6D11s/

တောင်ကြီးမြို့ လဝကရုံးတွင် ပတ်စ်ပို့ပြုလုပ်ရာ အွန်လိုင်းဖြင့် QR ယူချိန် စာလုံးပေါင်းမှားနေ၍ ပြင်ခိုင်းရာတွင် စာရေးမက ငွေတောင်းဆိုမှုရှိပြီး မပေးပါက မပြင်ဘဲအချိန်ဆွဲမှုဖြစ်ပွားခဲ့ကြောင့် ကြုံတွေ့ရသူ ကာယကံရှင်ထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ဇွန်လ ၁၀ ရက်နေ့က ကျေးရွာမှ လူငယ်တစ်ဦး ပတ်စပို့ ပြုလုပ်ရာတွင် အွန်လိုင်းမှ စာရင်းပေးသည့်အချိန် နာမည်စာရင်းပေးQR ယူချိန် နာမည်တစ်လုံးမှားနေ၍ ပြင်ခိုင်းရာတွင် ငွေမပေးပါက မပြင်ပေးဘဲ အချိန်ဆွဲနေကြောင်းသိရသည်။

‘’မနက် ၆ နာရီကတည်းက မိုးရွာထဲမှာ စောင့်ရတာ ကွန်ပျူတာကိုင်တဲ့ စာရေးမ ခပ်ဝဝနဲ့တစ်ယောက်က မိုက်ရိုင်းစွာပြောဆိုတယ်၊ အချိန်ကြာအောင်လုပ်တယ်၊ ကျွန်တော်တို့က တိုင်းရင်းသားပါ စာမတတ်ဘူး လိုင်းပေါ် QRယူတာ စာလုံးတလုံးလေးမှားလို့ ပြင်ခိုင်းတာ ၅ သောင်း၊ တစ်သိန်း တောင်းတယ် မပေးရင်မလုပ်ပေးဘူး လယ်သမားပါ မရှိဘူး ပြောတာလဲမရဘူး” ဟု ကြုံတွေ့ခဲ့ရသည့် ကာယကံရှင်ကခမ်းသားငေါဝ်းကိုပြောသည်။

ထိုလဝက ရုံးစာရေးမက ငွေတောင်းသည်ကို အများရှေ့တွင် ပေါ်တင်တောင်းနေခြင်းဖြစ်ကြောင်းသိရသည်။

အွန်လိုင်းမှတဆင့် QR ယူပြီး အလှည့်ကျစနစ်ဖြင့် ပတ်စ်ပိုစ့် ပြုလုပ်နေရပြီး စာအုပ်ကိုလည်း ချက်ချင်းမရဘဲ ၁၄ ရက်ကြာ စောင့်ဆိုင်းနေခဲ့ရကြောင်းသိရသည်။

လက်ရှိအချိန်တွင် လူတိုင်းအခက်ခဲကြုံတွေ့နေရသဖြင့် ထိုသို့ငွေကြေးတောင်းဆိုရာတွင် ပြည်သူများက အခက်ခဲ ကြုံတွေ့နေရကြောင်းသိရသည်။

#ppv002
#Humanright
#လဝက
#တောင်ကြီး
#ငွေတောင်း

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295