ခမ်းသားငေါဝ်း
ဇွန် ၁၃၊ ၂၀၂၅
https://www.facebook.com/share/p/1EJveUVWAh/
တအာင်းပြည်ကိုကာကွယ်သွားကြဖို့ နှင့် ရန်သူကိုအမြဲတစေ သတိထားရှိရန်လိုအပ်ကြောင်း TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင် က တအာင်းအမျိုးသားတပ်မတော် TNLA ၏ အပတ်စဥ် (၆၇) စစ်ရေးသင်တန်းဆင်းပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
တအာင်းအမျိုးသားတပ်မတော် TNLA ၏ အပတ်စဥ် (၆၇) စစ်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တစ်နေရာတွင် ပွိီးခဲ့သော ဇွန်လ ၆ ရက်နေ့က ပြုလုပ်ကျင်းပပြီးစီးခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။
” ဘက်စုံတိုက်ခိုက်ရေးသင်တန်းပေးခြင်းသည် မိမိတို့တအာင်းပြည်ကိုကာကွယ်သွားကြရန်၊ ရဲဘော်များသည် လူကွိီး၏အလုပျတာဝနျကို ပုခုံးလွဲပြောင်း ထမ်းဆောင်နိုင်ရမည်ဖြစ်သလို သင်တန်းတွင်းသင်ကြားပေးသည့်ပညာရပ်များကိုမမေ့ရန်၊ အမိန့်နာခံတတ်ရန်နှင့် ရန်သူကိုအမြဲတစေသတိထားမိရန်လိုအပ်ကြောင်း” ဗိုလ်ချုပ် တားဟိူဝ်ပ္လါင်က ဆိုသည်။
ထို့အပြင် သင်တန်းပြီးသွားသောသူများအနေဖြင့် PSLF / TNLA အုပ်ချုပ်ထားသောမြို့နယ်များ နှင့် ပြည်သူလူထုများကို ကာကွယ်ပေးရန် မှာ တစ်ဦးချင်းစီ၏ တာဝန်ဖြစ်ကြောင်း ဗိုလ်ချုပ် တားဟိူဝ်ပ္လါင် က ထပ်မံပြောကြားခဲ့သည်။
အဆိုပါ စစ်ရေးသင်တန်းတွင် တိုက်ခိုက်ရေးကျွမ်းကျင်အဆင့်ရှိစေရန် အဓိကသငျကွားပေးပွိီး အမျိုးသား (၆၇၅) ဦး နှင့် အမျိုးသမီး ( ၁၆၅) ဦး စုစုပေါင်း (၈၂၂) ဦးတို့သင်တန်းဆင်းနိုင်ခဲ့ကြောင်းသိရသည်။
TNLA ၏ စစ်ရေးသင်တန်းအတွင်း သေနတ်ပစ်ထူးချွန်ဆု နှင့် အထူးတိုက်ခိုက်ရေး ထူးချွန်ဆုများကိုပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းသူများအနေဖြင့် တအောင်းပြည်ရှိ မြို့နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်သွားရမည်ဖြစ်ကြောင်း TNLA ကထုတ်ပြန်ထားသည်။
PPV 003
ပုံ-အွန်လိုင်း
#စစ်ရေး
#တအာင်းပြည်ကိုကာကွယ်သွားကြဖို့
#ရန်သူကိုအမြဲတစေသတိထားရှိရန်
#TNLA
#စစ်ဦးစီးချုပ်
#ဗိုလ်ချုပ်တားဟိူဝ်ပ္လါင်
#တအာင်းအမျိုးသားတပ်မတော်
#TNLA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7
“