ခမ်းသားငေါဝ်း
ဇွန်လ ၁၄၊ ၂၀၂၅
https://www.facebook.com/share/p/12LJVUgeY5f/
မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ညောင်ရွှေမြို့နယ် မြောက်ဖက်ရှိ ဒေသခံတောင်သူများ၏ လယ်စပါး ဧကပေါင်းထောင်နှင့်ချီ ရေနစ်မြှုပ်နေကြောင်း ဇွန်လ (၁၄)ရက်က သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဇွန်လ(၁၁/၁၂/၁၃)ရက်က မိုးကြီးကာ တောင်ကျရေများ စီးဆင်းမှုကြောင့် ညောင်ရွှေ မြောက်ဖက်စိုက်ပျိုးထားသော လယ်စပါး ဧကပေါင်း ထောင်ကျော် ရိတ်သိမ်းရန်(၁၅)ရက်အလို ဇွန်လ(၁၃)ရက်ယမန်နေ့မှာ အကုန်ရေနစ်မြှုပ်သွားကြောင်း ဒေသခံထံမှ သိရသည်။
“ဆုံးရှုံးမှု ပမာဏတော့ အတိအကျမပြောနိုင်ဘူး။ တောင်သူများ တစ်နှစ်ပတ်လုံးစားသောက်ဖို့က အားထားရတဲ့အရာက ဒါပဲရှိတာ။ အများစုက မရိတ်သိမ်းရသေးတဲ့ အခြေအနေဖြစ်တယ်။ မိုးသာဆက်ရွာရင်တော့ အကုန်ပျက်စီးကုန်တော့မှာ။ တို့ဖက်ဒေသခံတွေအတွက်တော့ အကူအညီတွေက လိုမြဲလိုနေတော့မှာ။ ငလျင်ကြောင့် ပျက်စီးသွားတာ ပြန်ပြင်မပြီးသေးဘူး။ အခုရေဘေးပါ ထပ်ကြုံရပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် အင်းလေးကန်အတွင်း စိုက်ပျိုးထားသော တောင်သူများ၏ သီးနှံမျိုးစုံလည်း ပျက်စီးဆုံးရှုံးမှု ကြုံနေရကြောင်း သိရသည်။
ယခုနှစ်မှာ မိုးကြီးမှုအခြေအနေသည် စောရောက်လာ ခဲ့သဖြင့် တောင်သူများ၏ စိုက်ပျိုးသီးနှံများ ပျက်စီးမှုကြုံရကြောင်းသိရသည်။
#PPV0011
#သဘာဝဘေး
#ရေကြီးရေလျှံမှု
#လယ်စပါးနှစ်မြှုပ်
#ညောင်ရွှေ
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295