၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့
ခမ်းသားငေါဝ်း/ MFCN/ The Red Flag
Fact Check – အချက်လက် စစ်ဆေးခြင်း
လက်ရှိ မြန်မာနိုင်ငံ၏ ပြည်နယ်အသီးသီးနှင့် မြို့ပေါ်နေရာ တော်တော်များများတွင် စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများက လိုင်စင်မဲ့ မော်တော်ယာဉ် ကားများနှင့် ဆိုင်ကယ်များကို ဖမ်းဆီးမှုများ ပြုလုပ်နေလျက်ရှိသည်။ ထိုလိုင်စင်မဲ့မော်တော်ယာဉ်များအပြင် ဖမ်းဆီးခံရလိုက်သည့် လိုင်စင်မဲ့များကိုပါ နိုင်ငံတော်မှ လိုင်စင်များ ပြန်လည်လုပ်ပေးမည့်ဆိုသည့် ထုတ်ပြန်ချက်တစ်ခု အွန်လိုင်း ဖေ့ဘွတ်စ်ပေါ်တွင် ဖြန့်ဝေပြန့်နှံ့နေသည်ကို တွေ့ရပါသည်။
ထုန်ပြန်ချက်တွင် အမိန့်ကြော်ငြာစာအမှတ် ၄၃/ ၂၀၂၅ ဖြင့် နိုင်ငံတော် အစိုးရမှ ၂၀၁၅ မော်ဒယ်အောက် တပတ်ရစ် ညာမောင်းကားများကို ပြန်လည်တင်သွင်းခွင့် ပြုခြင်းနှင့် နိုင်ငံတစ်ဝန်းမှ ဖမ်းဆီးရမိထားသည့် လိုင်စင်မဲ့ကားများကို မြို့အလိုက် လိုင်စင်ပြန်လည်ချပေးမည်ဖြစ်ကြောင်းကို ၂၀၂၅ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ပါ ရက်စွဲဖြင့် ဖြန့်ဝေထားပါသည်။
ထိုအကြောင်းအရာကို Khun Han Lwin ဖေ့ဘွတ်စ်အကောင့်မှ မျှဝေထားခြင်းဖြစ်ပြီး မြန်မာ့အချက်အလက်စစ်ဆေးရေးအဖွဲ့မှ အချက်အလက်စစ်ဆေးနေချိန်၌ ရီအက်ရှင် ပေးသူ (၄၇) ဦး ၊ မှတ်ချက်ပေးသူ (၅) ခုနှင့် ထပ်ဆင့်ဖြန့်ဝေသူ (၄၀) ဦးအထိရှိနေပြီး အခြားလူမှုကွန်ယက်အကောင့်များလည်း ဖြန့်ဝေနေသည့်အတွက် ပြန့်နှံ့မှုများနေပါသည်။
ထုတ်ပြန်ချက်အတု လင့် – https://archive.ph/PSuPw
ထိုဖြန့်ဝေထားသည့် အကြောင်းအရာကို Myanmar Fact- Checking Network (MFCN) အဖွဲ့ဝင်ဖြစ်သည့် ခမ်းသားငေါဝ်းအချက်အလက်စစ်ဆေးရေးအဖွဲ့တို့မှ စိစစ်ကြည့်သည့်အခါ ထုတ်ပြန်ချက်အတု ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
တွေ့ရှိချက်
မန္တလေး ကျောက်ဝိုင်း ဈေးကွက် ဖေ့ဘွတ်အုuပ်စုရှိ Ko John အကောင့်အမည် ပြည်သူတစ်ဦးသည်လည်း ထိုထုတ်ပြန်ချက်သည် တံဆိပ်တုံးမပါ ပုံစံမကျသည့် ရုံးစာအတုသာဖြစ်ကြောင်းကို သူ့၏ စိစစ်သတိပေးမှုကို ဖော်ပြထားပါသည်။
ဖော်ပြချက် လင့် – https://shorturl.at/IVZ8Q
သတင်းစိစစ်ချက်
ပျံနှံနေသည့် ထုတ်ပြန်ချက်ကို စိစစ်သည့်အခါ အသုံးပြုရေးသားထားသော စာလုံးပေါင်း သတ်ပုံများစွာ လွဲမှားနေသည်ကို တွေ့ရှိရပါသည်။ မော်တော်ယာဉ်ကို (ယဉ်) ဟု ရေးသားထားခြင်း၊ လိုင်စင်မဲ့ ကားများကို (W ကား) ဟု သုံးနူန်းထားခြင်း၊ ကြပ်မှတ်ကို (ကျပ်) ဖြင့် ရေးသားထားခြင်းစသည့် လွဲမှားနေသော အရေးသားများ တွေ့ရှိရသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ မူရင်းထုတ်ပြန်ချက်တိုင်း၏ အမိန့်ကြော်ငြာစာ အမှတ်နေရာတွင် လက်ရေး ဘောပင် ဖြင့်သာ ရေးသားလေ့ရှိပြီး ဖြန့်ဝေမည့် အကြောင်းကို ဒုတိယ ဝန်ကြီးမှ လက်မှတ်ထိုး ထုတ်ပြန်လေ့ရှိကြောင်းကို တွေ့ရှိရပါသည်။
ယခင်ထုတ်ပြန်ချက် လင့် – https://shorturl.at/YITmo
ထို့အပြင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ချက်တွင် အမိန့်ကြော်ငြာစာ အမှတ် (၃၉/ ၂၀၂၅) အထိသာ ထုတ်ပြန်ရသေးပြီး နောက်ဆုံးထုတ်ပြန်ချက်တွင် အကောက်ခွန်နူန်းဉပဒေအရ အကောက်ခွန်နူန်းထား လျှော့ချထားသည့် ထုတ်ပြန်ချက်အကြောင်းအရာဖြစ်ပြီး ၎င်းကို ၂၀၂၅ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ထုတ်ပြန်ထားကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
နောက်ဆုံးထုတ်ပြန်ချက် လင့် – https://shorturl.at/Ihs5Q
Google တွင် အဓိက စကားလုံး “အမိန့်ကြော်ငြာစာအမှတ် ၄၃/ ၂၀၂၅” ကိုအသုံးပြုပြီး ရှာဖွေ စစ်ဆေးကြည့်ရာတွင်မှာလည်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ချက်ကို တွေ့ရှိရခြင်းမရှိပါ။ ထို့အပြင် သတင်းမီဒီယာ ဌါနများ၏ ရေးသားဖော်ပြချက်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် ဖမ်းဆီးခံရလိုက်သည့် လိုင်စင်မဲ့ယာဉ်များကို နိုင်ငံတော်မှ လိုင်စင်များ ပြန်လည်လုပ်ပေးမည့် ဆိုသည့်အကြောင်းအရာကို ထည့်သွင်း ရေးသားထားခြင်းကို မတွေ့ရှိရပါ။
သုံးသပ်ချက်
အွန်းလိုင်းလူမှုကွန်ယက်ပေါ်တွင် ပြန့်နှံနေသည့် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် ဖမ်းဆီးခံရလိုက်သည့် လိုင်စင်မဲ့ယာဉ်များကို နိုင်ငံတော်မှ လိုင်စင်များပြန်လည်လုပ်ပေးမည့်ဆိုသည့် ထုတ်ပြန်ချက်သည် ထုတ်ပြန်ချက်အတုဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
လက်ရှိတွင် စစ်ကောင်စီမှ လိုင်းစင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးလုပ်ဆောင်နေခြင်းကြောင့် အခက်ခဲကြုံတွေ့နေရပြီး စိုးရိမ် ပူပန်းမှုခံစားနေရသည့် ပြည်သူများကို ဦးတည်ကာ မသမာသူများက ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်ချက်အတု ဖန်တီးပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်သည့်အသွင်ဖြင့် ရေးသားဖြန့်ဝေထားသော အကြောင်းအရာသာ ဖြစ်ပါသည်။
သတိပြုရန်
Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါနမှ သတင်းများကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါသည်။
ဒါအပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာ ကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း ဖေ့ဘုတ် (facebook page) နှင့် Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်တို့ အချက်အလက်စစ်ဆေးထားသည့် သတင်းများကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
Fb- https://www.facebook.com/KhamSarNgor
#MFCN #RedFlag # #FactCheck #Mis_Disinformation# #ခမ်းသားငေါဝ်း#