ခမ်းသားငေါဝ်း
ဇွန် ၁၂၊ ၂၀၂၅
https://www.facebook.com/share/p/1ATRPbHigW/
ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါသည် ဇန်နဝါရီလ (၁)ရက်မှ စတင်၍ ကူးစက်မှုအရေအတွက် ၄ သိန်းကျော်အထိ ရှိလာပြီး သေဆုံးသူ ၁၀၀ ကျော်အထိ ရှိလာကြောင်း ရောဂါထိန်းချုပ်ရေးဌာန (DDC)မှ ဇွန်လ (၁၁)ရက်နေ့တွင် ဖော်ပြထားသည်။
ကိုဗစ်-၁၉ ကူးစက်မှုအများဆုံးပြည်နယ်များမှာ ဘန်ကောက်၊ ချွန်ဘူရီ၊ နွန်သဘူရီ၊ နခွန်ရတ်ချဆီမာနှင့် ဆာရာဘူရီတို့ဖြစ်ကြောင့် ဖော်ပြထားသည်။
DDC ၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမှ မိုးရာသီတွင် Covid-19 နှင့် တုပ်ကွေး အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးများ တိုးလာကြောင်း ဇွန်လ(၁၀)ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့ပါသည်။
ထို့ပြင် အဆိုပါရောဂါများသည် အများအားဖြင့် ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားပိုးမွှားများကြောင့် ဖြစ်ပွားကြပြီး ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်းမှတစ်ဆင့် အလွယ်တကူ ကူးစက်နိုင်ခြင်း၊ ညစ်ညမ်းနေသော မျက်နှာပြင်များနှင့် ထိတွေ့ခြင်း သို့မဟုတ် ရောဂါပိုးရှိသူနှင့် အနီးကပ်ထိတွေ့ခြင်းမှ အလွယ်တကူ ကူးစက်နိုင်ကြောင်းကို DDC ၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမှ ရှင်းပြထားသည်။
အဖြစ်များသည်မှာ အသက် ၆၀ နှင့်အထက် အပြင် ကလေးငယ်များ၊ နာတာရှည်ရောဂါ (၇)မျိုးအနက် တစ်ခုခုရှိသူများ၊ ကိုယ်ဝန် ၁၂ ပတ်ကျော် ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် ကျန်းမာရေးကို အနီးကပ် စောင့်ကြည့်သင့်ကြောင်း DDC မှ တိုက်တွန်းထားသည်။
ထို့အပြင် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း သို့မဟုတ် နှာရည်ယိုခြင်းစသည့် လက္ခဏာများ ခံစားရပါက နှာခေါင်းစည်းများ တပ်ဆင်ရန်၊ မိမိကိုယ်ကို သီးခြားခွဲထားရန်နှင့် ချက်ချင်းဆေးကုသမှု ခံယူရန်လည်း DDC က နှိုးဆော်ထားသည်။
PPV0013
ပုံ-အွန်လိုင်း
#ကျန်းမာရေး
#ထိုင်းနိုင်ငံ
#ကိုဗစ်
#ကူးစက်မှု
#သေဆုံးသူ
#ရောဂါထိန်းချုပ်ရေးဌာန
#DDC
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7