ခမ်းသားငေါဝ်း

ဇွန် ၁၂၊ ၂၀၂၅

https://m.facebook.com/story.php?story_fbid=1138217458341433&id=100064595686020&mibextid=Nif5oz

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီကြောင့် (၂၀၂၅)ခုနှစ် ဇွန်လ(၁၁)ရက်အထိ အမျိုးသမီးသေဆုံးမှု (၃၀၉)ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးသူများကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုထဲမှ အသက်(၁၈)နှစ်အောက် ကလေး(၇၂)ယောက် ပါဝင်ကြောင်း သိရသည်။

အဆိုပါသေဆုံးသူများအနက် စစ်ကိုင်းတိုင်းမှာ (၁၀၂)ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး (၂၄၂)ဦးသည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ရကြောင်း ဖော်ပြထားသည်။

ထို့အပြင် မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)မှာလည်း (၂၀၂၅)ခုနှစ် မေလ(၁)လအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီးသေဆုံးမှု(၉၂)ဦး ရှိကြောင်း ဇွန်လ(၆)ရက်နေ့မှာ ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသည် အပစ်ရပ်ကြေညာထားသော်လည်း နိုင်ငံတစ်ဝန်းလေကြောင်းတိုက်ခိုက်မှုကို မကြာခဏကျူးလွန်နေကြောင်း သိရသည်။

“စစ်ကောင်စီက တစ်ဖက်မှာ အပစ်ရပ်ကြောင်း ကြေညာထားပေမဲ့ လေကြောင်းတိုက်ခိုက်မှု၊ မြေပြင်တိုက်ခိုက်မှုကို ကျူးလွန်နေတယ်။ သူတို့ထုတ်ပြန်ချက်ကို သူတို့ကိုယ်တိုင်က မလိုက်နာဘူး ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ လုံးဝမဖြစ်သင့်ဘူး။ ဒီလိုကျူးလွန်နေတဲ့အပေါ် ထိရောက်တဲ့ အပြစ်ပေး အရေးယူမှုရှိဖို့ လိုအပ်တယ်။ အမျိုးသမီးတွေက သဘာဝဘေးအန္တာရယ်ကြား၊ စစ်ပဠိပက္ခကြား ရုန်းကန်ရင်း အကြမ်းဖက်မှု မျိုးစုံ ကြုံတွေ့ခံစားနေရတယ်။ “ဟု န်မာ့အမျိုးသမီး သမဂ္ဂမှ တာဝန်ရှိသူက ခမ်းသားငေါဝ်းသို့ ဖြေကြားထားသည်။

သတ်ဖြတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ မြေပြင်တိုက်ခိုက်မှုတွေကြောင့် အသက်ဆုံးရှုံးမှုရှိနေပြီး အမျိုးသမီးသေဆုံးမှုက စစ်ကောင်စီ၏ နည်းမျိုးစုံ အကြမ်းဖက်မှု မရပ်သရွှေ့တော့ မြင့်တက်လာမည့်အကြောင်း ၄င်းကဆက်ပြောသည်၊၊

“အကြမ်းဖက်မှု ရပ်တန့်ဖို့ ကျွန်မတို့ နည်းမျိုးစုံနဲ့ စည်းရုံးလှုပ်ဆော်တောင်းဆိုတာတွေရှိတယ်။ သက်ဆိုင်ရာတွေက တာဝန်ယူမှု တာဝန်ခံမှု ရှိရှိနဲ့ ဖြေရှင်းပေးရမှာ ဖြစ်တယ်။ ဒါက အမျိုးသမီးတွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတွေဖြစ်တယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်ပေးပါလို့ ပြောချင်ပါတယ်”ဟု ၄င်းကပြောသည်။

ပြီးခဲ့သည့် ဇွန်လ(၇)ရက်မှာလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကိုင်းတိုင်း၊ ပေါက်ကုန်းကျေးရွာသို့ စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် မမိုးလင်းသူအား ဗုံးစထိမှန်၍ နေရာမှာပင် သေဆုံးခဲ့ရကြောင်း AAPPမှ ဖော်ပြထားသည်။

PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#အမျိုးသမီးအခွင့်အရေး
#မြန်မာနိုင်ငံတစ်ဝန်း
#အမျိုးသမီးသေဆုံးမှု
#နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
#AAPP
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7