ခမ်းသားငေါဝ်း၊
ဇွန်လ ၁၂၊ ၂၀၂၅

https://www.facebook.com/share/p/19UUvBosCj/

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် လိုင်စင်မဲ့ ကား နှင့်ဆိုင်ကယ်များ ဖမ်းဆီးနေမှုကြောင့် ဒေသခံများသွားရလာရ ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီမှ လိုင်စင်မဲ့ ကားများကို ဖမ်းဆီးရန် ညွှန်ကြားလိုက်ပြီးနောက် ရွာငံမြို့တွင်လည်း ဈေးလာသုံးသည့် ဒေသခံများ၏ ကားဆိုင်ကယ်များကို ဖမ်းဆီးနေပြီး ရွာငံ-အောင်ပန်းလမ်းတွင်လည်း ရှောင်တခွင် စစ်ဆေးမှုများ ပြုလုပ်ကာ ဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။

“အရေးကြီး ဆေးတွေ သွားဝယ်ရင်လည်း သူတို့ဖမ်းမှာ ကြောက်နေရတယ်။ လိုင်စင်လုပ်တာက ဈေးကြီးတော့ လိုင်စင်ကားတို့ ဆိုင်ကယ်တို့ဆို ဝယ်မစီးနိုင်ဘူး။ အခုက ဘယ်မှ သွားလို့မရဘူး။ သေရေးရှင်ရေးဆိုရင် ဘယ်လိုများ လုပ်ရမလဲ တောင်မသိဘူး။” ဟု ရွာငံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့ကဲ့သို့ လိုင်စင်မဲ့ကား၊ဆိုင်ကယ်များ ဖမ်းဆီးနေမှုကြောင့် ရွာငံမြို့ လမ်းနှင့် ရပ်ကွက်တွင် ဆိုင်ကယ် ကားများ ရှင်းလင်းနေပြီး ဈေးဆိုင်များမှာလည်း အရောင်းနည်းပါးလာကြောင်း သိရသည်။

မြို့ခံတစ်ဦးက“လိုင်စင်မဲ့ ကားတွေ ဆိုင်ကယ်တွေ ဖမ်းတော့ လမ်းကလည်း ရှင်းလင်းနေရော ၊ ဈေးဆိုင်တွေမှာဆိုလည်း ဈေးလာသုံးမဲ့သူ တောင်မရှိလို့ ဈေးသည်တွေ အဆင်မပြေဖြစ်နေကြတာ။ အခြေနေကတော့ ဆိုးတယ်။” ဟု ပြောသည်။

ထို့အပြင် ဖမ်းဆီးခံရသည့် ကားနှင့် ဆိုင်ကယ်များကို အများအားဖြင့် ပြန်ရွေးခွင့် မရတော့ကြောင်း ၎င်းက ပြောသည်။

ယခုလက်ရှိ ရွာငံမြို့နယ်တွင် လိုင်စင်မဲ့ ကားများစစ်ဆေး ဖမ်းဆီးနေသောကြောင့် ခရီးသွားပြည်သူများအနေဖြင့် အသွားလာ ဂရုစိုက်သင့်ကြောင်း မြို့ခံများက အသိပေးပြောကြားထားသည်။

ရှမ်းတောင်တွင် မေလ နောက်ဆုံးပတ်ကစပြီး လိုင်စင်မဲ့ ယာဥ်များဖမ်းဆီးမှုစတင်ခဲ့ကြောင်းသိရသည်။
photo credit

#PPV-008
#လိုင်စင်မဲ့
#ရွာငံ
#ဖမ်းဆီး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295