ခမ်းသားငေါဝ်း
ဇွန် ၁၁၊ ၂၀၂၅

https://www.facebook.com/share/p/1ATb5g7prZ/

မြန်မာနိုင်ငံတွင်၂၀၂၅ ခုနှစ် ‌ဧပြီလ ၂၇ ရက်နေ့မှ စတင်၍ ဇွန်လ (၈)နေ့အထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၅၀)ကျော် အထိရှိလာကြောင်း မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC)မှ သိရသည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရာတွင် ဇွန်လ (၁)ရက်မှ (၈)ရက်နေ့အထိဓာတ်ခွဲနမူနာ စုစုပေါင်း (၂၁၅၄)ခုအား စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၁) ဦး ထပ်မံတွေ့ရှိခဲ့ကြောင့် ထုတ်ပြန်ထားသည်။

၎င်းကိုဗစ်-၁၉ အတည်ပြုလူနာ (၃၁)ဦး ထဲမှ (၁၃) ဦးဖြင့် ရှမ်းပြည်နယ် ၊ တာချီလိတ်မြို့မှ ဒုတိယအများဆုံး နှင့် အများဆုံးတွေ့ရှိလူနာမှာ ရန်ကုန်တိုင်းမှ ၁၅ဦး၊ စစ်ကိုင်တိုင်း၊ ကျွန်းလှမှ တစ်ဦး၊ ကရင်ပြည်နယ်၊ ဘားအံမှ တစ်ဦး၊ မွန်ပြည်နယ်ကျိုက်ထိုမှ တစ်ဦးတို့ဖြစ်ကြောင်း Myanmar CDC က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်၂၀၂၅ ခုနှစ် ‌ဧပြီလ (၂၇) ရက်နေ့မှ ဇွန်လ (၁)ရက်နေ့အထိ စုစုပေါင်း မြန်မာနိုင်ငံတွင် ကိုဗစ် ပိုးတွေ့ရှိသူ (၂၅)ဦးအထိရှိခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် ရောဂါကူးစက်ခံလျှင် ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ (အသက် ၆၀ နှစ်နှင့်အထက်)၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါ ရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ (ကိုယ်ဝန်ဆောင်ကာလ ၃ လနှင့် အထက်)သူများကို ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ် ဦးစားပေးအစီအစဉ်ဖြင့် ဆေးထိုးနှံပေးသွားမည်ကို (MyanmarDCD) သည် ဇွန်လ (၁၀)ရက်နေ့မှထုတ်ပြန်ထားသည်။

PPV0013
ပုံ-အွန်လိုင်း
#မြန်မာနိုင်ငံ
#ကျန်းမာရေးဝန်ကြီးဌာန
#ကိုဗစ်၁၉ရောဂါ
#စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း
#ဓာတ်ခွဲအတည်ပြုလူနာ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7