ခမ်းသားငေါဝ်း
ဇွန် ၁၁၊ ၂၀၂၅

https://www.facebook.com/share/p/19HkGPx18H/

တောင်ကြီးမြို့ပေါ်၌ မိုးရာသီချိန် ကျောင်းသားမိဘများကျောင်းကြိုပို့ရန် သွားလာရ ခက်ခဲသူများကို နတ်သားသွေးအလှူရှင်အသင်းမှ ကျောင်းသားများအား အခမဲ့ ကြိုပို့ပေးနေကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ မိုးရာသီချိန် လမ်းပေါ်၌ ရေကြီးမှုများကြုံရသဖြင့် သွားလာရခက်ခဲသည့် ကျောင်းနေအရွယ် ကျောင်းသားများအား အခမဲ့ ကြိုပို့ပေးနေကြောင်း နတ်သားသွေးအလှူရှင် အသင်းမှ သိရသည်။

“အခုလို့မိုးအရမ်းကြီးတဲ့အချိန်ကတော့ ပြည်သူတွေက အပြင်မထွက်ရဲကြဘူး၊ အခုဆိုလို့ချင်ရင် ဒီနေ့လို့ ဆိုင်ကယ်ဆိုရင်သွားလို့တောင်မရဘူး၊ ရေနောက်ပါလို့မနဲလိုက်ဆွဲရတယ်အဲ့လို့မျိုးတွေ ၊ မိဘတွေကကိုယ်သားသမီးကိုကျောင်းကြိုပို့လို့ အခက်အခဲဖြစ်မှာကြောင့်လ်ို့ ကျွန်တော်တို့တစ်နိုင်တစ်ပိုင် ကူညီတာပါ”ဟု နတ်သားသွေးအလှူရှင်မှ ခမ်းသားငေါဝ်းကိုပြောသည်။

ထို့ပြင် ယခုကာလ မိုးရာသီချိန် သဘာဝဘေး ကြုံနေရသည့်အချိန်ထိ ဆက်လက်ကူညီလုပ်ဆောင်မည်ကြောင်းနှင့် တောင်ကြီးမြို့အတွင်းရှိ ကျောင်းနေအရွယ် မည်သူကိုမဆို အခမဲ့ပို့ဆောင်သွားမည်ဟု ၎င်းကဆက်ပြောသည်။

တောင်ကြီးမြို့ပေါ်၌ ဇွန်လအတွင်းမိုးသည်းထန်စွာ ရွာသွန်းမှုကြောင်း လမ်းပေါ်၌ ရေကြီးမှုများကြုံရပြီး ဆိုင်ကယ်များလဲမှုများအမြဲကြုံနေရကြောင်းသိရသည်။

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဇွန်လ (၁၁၊ ၁၂၊ ၁၃ ) နေ့များ၌ လေထုမငြိမ်သက်မှုများ ဖြစ်ပေါ်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကာ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်း‌ပြည်နယ်‌မြောက်ပိုင်းတို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း အမျိုးသားညီညွတ်ရေး (NUG) မှထုတ်ပြန်ထားပါသည်။

PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#တောင်ကြီးမြို့
#မိုးရာသီချိန်
#ရေကြီးမှုများကြုံရ
#သွားလာရခက်ခဲ
#ကျောင်းနေအရွယ်ကျောင်းသားများအား
#အခမဲ့ကြိုပို့ပေးနေ
#နတ်သားသွေးအလှူရှင်

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7