ခမ်းသားငေါဝ်း
ဇွန် ၁၁၊ ၂၀၂၅

https://m.facebook.com/story.php?story_fbid=1137402485089597&id=100064595686020&mibextid=Nif5oz

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ – ညောင်ရွေနယ်စပ် တော်လှန်ရေးတပ်များထိန်းချုပ်ထားသော ရေပူကျေးရွာသို့ စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တို့က ဇွန်လ ၂ ရက်နေ့တွင် အင်အားအလုံးအင်းဖြင့်စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲများပြင်းထန်ဖြစ်ပွားခဲ့ကြောင်း ဖယ်ခုံ PDF ( ၁၀၀၆) တပ်ရင်းကထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲများမှာ ယနေ့အချိန်ထိဖြစ်ပွားနေလျက်ရှိပြီး တိုက်ပွဲတစ်ပါတ်သာကာလအတွင်း နှစ်ဦးနှစ်ဖက် ထိခိုက်ကျဆုံးမှုများခဲ့ကာ PNO ပြည်သူ့စစ်ဖက်မှ ၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဆိုသည်။

ထို့အပြင်စစ်ကောင်စီ၏ထိုးစစ်ဆင်မှုများရှိနေသော ရှမ်းတောင်-ကရင်နီ နယ်စပ်ဒေသကုန်းသာကျေးရွာတွင် KNDF တပ်နှင့်အတူ ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်းတို့ ပူးပေါင်းပြီးစစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသောကြောင့် ဖယ်ခုံမြို့နယ်တစ်ဝှမ်းတွင်လည်း စစ်ရေးအခြေအနေ တင်းမာလာနိုင်ချေရှိကြောင်းအသိပေးထားသည်။

တိုက်ပွဲနှင့် စစ်ရေးအခြေအနေတင်းမာနေသောကာလတွင် စစ်ကောင်စီတပ်မှ ဖယ်ခုံမြို့နယ်အတွင်းကျေးရွာများကို ဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ အဆက်မပြတ်ပြုလုက်နေသောကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့ကာအများစုမှာ ကလေးငယ် နှင့် အမျိုးသမီးများဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ နှင့် PNO ပူပေါင်းစစ်ကြောင်းတို့သည် ၎င်းတို့ရောက်ရှိရာ ကျေးရွာတစ်လျောက်တွင် ပြည်သူများအားအတင်းအကြပ်စစ်မှုထမ်းစေခြင်း၊ ငွေကြေးများတောင်းခံခြင်း ပြုလုပ်နေကြောင်း ဖယ်ခုံ PDF (1006) တပ်ရင်းကဆိုသည်။

စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ် တို့၏ စစ်ကြောင်းထိုးလာမှုနှင့် ကျေးရွာများအတွင်း လက်နက်ကြီးပစ်ခတ်နေမှုများကြောင့် ဖယ်ခုံအရှေ့ဖက်ကမ်းရှိ ကျေးရွာများ မှ ဒေသခံထောင်ချီစစ်ဘေးတိမ်းရှောင်နေရသည်။

PPV 003
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဖယ်ခုံ –
#ညောင်ရွေနယ်စပ်
#တော်လှန်ရေးတပ်များထိန်းချုပ်ထား
#ရေပူကျေးရွာ
#စစ်ကြောင်းထိုးလာ
#တိုက်ပွဲများပြင်းထန်ဖြစ်ပွားခဲ့
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7