ခမ်းသားငေါဝ်း
ဇွန် ၁၁၊ ၂၀၂၅

https://www.facebook.com/share/p/1BaKUxLPDS/

တောင်ကြီးမြို့မှာ မိုးသည်းထန်မှုကြောင့် ဈေးသည်များ ဈေးရောင်းရာမှာ အဆင်မပြေမှု ကြုံနေရကြောင်း သိရသည်။

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၌ ယနေ့ မွန်းလွဲ(၁)နာရီခွဲအချိန်ထိ မိုးရွာသွန်းမှုကြောင့် ဈေးသည်များ ဈေးရောင်းရာ ဈေးတန်း Ocean နားရေကြီးရေလျှံနေပြီး မြို့ထဲရပ်ကွက်ရှိ ယခင်ရေကြီးခဲ့သည့် နေရာတွင်လည်း ထပ်မံရေကြီးနေကြောင်း သိရသည်။

“မိုးအရမ်းကြီးနေတယ်။ ဈေးသည်တွေလည်း အခက်တွေ့။ ဒီလိုအချိန်မှာ ကိုယ့်ကလေးတွေကို ဂရုစိုက်စေချင်တယ်။ ရေဆော့ရင်း အန္တာရာယ်ဖြစ်မာစိုးတာ။ မိုးကြီးတော့ သွားလာရတာလည်း ခက်တယ်”ဟု ဒေသခံက ပြောသည်။

တောင်ကြီးမြို့၌ ပြီးခဲ့သည့်လတွင်လည်း မိုးရွာသွန်းမှုကြောင့် ရပ်ကွက်အချို့မှာ ‌နေအိမ်အထိ ရေဝင်မှုရှိခဲ့သလို ဦးကြီးခမ်း ရပ်ကွက်တွင်လည်း ရေကြီးမှုကြောင့် အုတ်တံတိုင်းပြိုကျကာ လူထိခိုက်မှု ရှိခဲ့ကြောင်း သိရသည်။

သက်ဆိုင်ရာများ အနေဖြင့် ရေကြီးမှုကို ယခုထက်မဆိုးခင် ကူညီဖြေရှင်းနိုင်မည့် နည်းလမ်းကို ဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံက ပြောသည်။

PPV0011
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ရာသီဥတု
#တောင်ကြီးမြို့
#မိုးရွာသွန်းမှု
#ဈေးသည်များ
#ဈေးတန်း
#Ocean
#ရေကြီးရေလျှံ

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7