ခမ်းသားငေါဝ်း
ဇွန် ၁၁၊ ၂၀၂၅
https://www.facebook.com/share/p/19F8iaCx7q/
ကျားဖြန့်လုပ်ကိုင်ရင်း သက်ဆိုင်ရာ တာဝန်ရှိသူများမှ လိုက်လံဖမ်းဆီးမှုကြောင့် တောတောင်ထဲ ထွက်ပြေးနေသည့် တရုတ်နိုင်ငံသားများကို ရွာသားများက အမဲလိုက်သဖွယ် လိုက်လံရှာဖွေကြကြောင်းဇွန်လ(၁၁)ရက်တွင် စုံစမ်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်၊ မိုင်းနောင်မြို့နယ်တို့တွင် ကျားဖြန့်လုပ်ရင်း ဖမ်းဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် တရုတ်နိုင်ငံသားများကို တွေ့ရှိပါက ၎င်းတို့ သွားလိုရာ နေရာဒေသသို့ ဘေးကင်းစွာ ပို့ဆောင်ပေးနိုင်လျှင် တစ်ဦးကို မြန်မာငွေ သိန်း(၄၀)အထက် ရရှိမှုကြာင့် ဒေသခံများက လိုက်လံရှာဖွေ ပို့ဆောင်မှုများ ရှိနေသည်။
“သူတို့ကိုဖမ်းပြီး တရုတ်နိုင်ငံထဲ ပြန်ပို့မှာကို အရမ်းကြောက်ကြတာ။ သူတို့ကို ဘယ်လိုလုပ်လုပ်ရတယ် ဒါပေမဲ့ သူတို့ကိုဖမ်းနေတဲ့ အဖွဲ့အစည်းလက်ထဲတော့ မပို့ပေးနဲ့ပေါ့။ သူတို့ကို သူတို့သွားချင်တဲ့ဆီ လိုက်ပို့ ပေးရင် တရုတ်ယွမ်ငွေ(၅) ထောင် (၁)သောင်းထိရတယ်။ တရုတ်စကားတတ်တဲ့သူဆိုရင် တော်တော်အလုပ်ဖြစ်တယ်”ဟု ဒေသခံ(၁)ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
တစ်ဖက်မှာလည်း ထိုဒေသအတွင်း SSPP/SSAမှ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများနှင့် ထိန်းသိမ်းထားသူများကို တွေ့ရှိပါက ထိရောက်စွာ အရေးယူမည့်အကြောင်း (၂၀၂၄)ခုနှစ် မေလအတွင်းမှာ ထုတ်ပြန်ထားမှု ရှိသောကြောင့် ဒေသခံအချို့လည်း ကျားဖြန့်လုပ်ကိုင်သူများ အခက်ခဲရှိ၍ အကူအညီတောင်းခံလာလည်း မကူညီရဲကြာင်း ဒေသခံက ပြောသည်။
“ကျားဖြန့်လုပ်သူ တွေ့ရင် သူတို့ကိုအကြာင်းကြားဆိုပြီး ပြောတာရှိသလို သူတို့ကိုယ်တိုင်လည်း လိုက်ရှာတာမျိုးရှိပါတယ်။ ဒေသခံတချို့ ကျားဖြန့်ကို ကူညီလို့ စစ်တပ်က ဖမ်းမိတာမျိုးလည်း ရှိတယ်။ ကျားဖြန့်လုပ်တဲ့သူက ကလေး အမျိုးသမီး အမျိုးသားအရွယ်စုံပါတယ်။ မြန်မာစကားမတတ်ဘူး။ တချို့ဆို မြို့ထဲ တရုတ်ယွမ်နဲ့ မြန်မာငွေလာလှဲရင်း ဖမ်းခံရတာမျိုးလည်း ရှိတယ်”ဟု ဒေသခံအမျိုးသားက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်နှင့် မိုင်းနောင်မြို့နယ်တို့တွင် ယခုလို ကျားဖြန့် လုပ်ကိုင်သူများကို ဒေသခံများမှ လိုက်လံရှာဖွေကူညီပို့ဆောင်မှု လုပ်ဆောင်နေသည်မှာ ပြီးခဲ့သည့် ဧပြီလကစပြီး လုပ်ဆောင်နေကြောင်း သိရသည်။
SSPP/SSAအနေဖြင့် ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း ကျားဖြန့်လုပ်ကိုင်သူများနှင့် ပါဝင်ပတ်သက်သူများကို လက်ခံထားခြင်း၊ ပါဝင်ပတ်သက်ခြင်း မပြုရန်၊ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည့်အကြောင်း ဇွန်လ(၁၀)ရက် ရက်စွဲဖြင့် ထပ်မံ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း၌ ပြီးခဲ့သည့် မတ်လအတွင်းက ကျားဖြန့်လုပ်ကိုင်သူများကို ဖမ်းမိပြီး တရုတ်လူမျိုးများကို တရုတ်နိုင်ငံသို့ ပြန်လည်လွဲပြောင်းခဲ့ကြောင်း SSPP infoမှာ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
PPv0011
ပုံ-အွန်လိုင်း
#မှုခင်း
#မ့်စန်မြို့နယ်
#မိုင်းနောင်မြို့နယ်
#ကျားဖြန့်
#တရုတ်နိုင်ငံသားများ
#မြန်မာငွေ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7