ခမ်းသားငေါဝ်း
ဇွန် ၁၁၊ ၂၀၂၅

https://www.facebook.com/share/p/157zLzTxg9E/

ကရင်နီပြည်နယ်နှင့် ဖယ်ခုံအနောက်ဖက်ခြမ်းတို့တွင် စစ်ကောင်စီ၏ လေယာဥ်၊ လက်နက်ကြီး၊ မြေမြုပ်မိုင်းတို့ကြောင့် မေလ အတွင်း အရပ်သားပြည်သူ ၆ ဦးသေဆုံးပြီး၊ ၃၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း Karenni Human Right Group ကထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် မေလအတွင်း ဖယ်ခုံ၊ ဒီမောဆို၊ ဖားဆောင်းမြို့ များတွင် လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူ ၂၄ ဦးဒဏ်ရာရခဲ့ကာ ၁ ဦးထိခိုက်သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင်စစ်ကောင်စီသည် လက်နက်ကြီး ပစ်ခတ်မှု ၁၃ ကြိမ်ပြုလုပ်ခဲ့ပြီး၊ ဖယ်ခုံမြို့နယ်တွင် ၉ ကြိမ်၊ လွိုင်ကော်မြို့နယ်တွင် ၃ ကြိမ် နှင့် ဒီမောဆိုမြို့နယ်တွင် ၁ ကြိမ်ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါလက်နက်ကြီးများကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၃ လုံး၊တိရစ္ဆာန် ၇ ကောင် စိုက်ခင်း ၃ ခင်း၊ ဘာသာရေးအဆောက်အအုံ ၁ ခု၊ယာဥ် ၁ စီးထိခိုက်ပျက်စီးသွားခဲ့ရကြောင်း ဖော်ပြထားသည်။

” စစ်ကောင်စီက ဖယ်ခုံ တပ်ကနေ ဒီအနောက်ဖက်ခြမ်းကို နေ့တိုင်းနီးပါး လက်နက်ကြီးပစ်တာ၊ ဘာတိုက်ပွဲမှမရှိလည်း ပြည်သူတွေကိုပဲ ပစ်မှတ်ထားနေတာ၊ ပြီးခဲ့တဲ့ တစ်ပါတ်ကတောင် ရွာဘေးမှာဘဲ လက်နက်ကြီး ၃ လုံးကျသေးတယ်၊ နေ့နေ့ ညည ဒီ လက်နက်ကြီး၊ လေယာဥ် အန္တရာယ်ကိုအမြဲကြောက်ရပါတယ်” ဟု ဖယ်ခုံအနောက်ဖက်ခြမ်းရှိ ဒေသခံတစ်ဦး ကဆိုသည်။

ထို့အတူ စစ်ကောင်စီ၏ မြေမြုပ်မိုင်း ကြောင့်အမျိုးသမီး ၂ ဦး ခြေလက်အင်္ဂါဆုံးရှုံးသွားခဲ့ရကြောင်း သိရသည်။

ကရင်နီပြည်အတွင်းတွင် စားနပ်ရိက္ခာနှင့် သန့်ရှင်းသောရေ လုံလောက်စွာမရရှိခြင်းကြောင့် ပြည်သူများ ရှင်သန်နေထိုင်ရန် ခြိမ်းခြောက်မှုများနှင့်ကြုံတွေ့နေရပြီး နေ့စဥ်စားနပ်ရိက္ခာလိုအပ်ချက်များ ဖြည့်ဆည်းရန်အတွက် ဆန်များကိုချေးငှားခြင်းဖြင့် စားဝတ်နေရေးကို ရင်ဆိုင်ဖြေရှင်းနေရကြောင်း KnHRG ကထုတ်ပြန်ထားသည်။

PPV 003
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ကရင်နီပြည်နယ်
#ဖယ်ခုံအနောက်ဖက်ခြမ်း
#လေယာဥ်
#လက်နက်ကြီး
#မြေမြုပ်မိုင်း
#အရပ်သားပြည်သူ
#Karenni Human Right Group

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7