ခမ်းသားငေါဝ်း

ဇွန် ၁၀၊ ၂၀၂၅

https://www.facebook.com/share/p/1AvxxdquNM/

လွိုင်ကော်မြို့နယ် အောင်သပြေကုန်းရွာတွင် စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဒေသခံနေအိမ်များကို ရွာလုံးကျွတ်မီးရှို့ဖျက်စီးခဲ့ကြောင်း ဇွန်လ(၁၀)ရက်နေ့တွင် ဒေသခံထံမှသိရသည်။

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ အောင်သပြေကုန်းရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီကို ဇွန်လ(၃)ရက်နေ့၌ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များဝင်ရောက်တိုက် ခိုက်သဖြင့် စစ်ကောင်စီဘက်မှအထိနာခဲ့ခြင်းကြောင့် ရွာလုံးကျွတ်မီးရှို့ခြင်းဖြစ်သည်။

“သူတို့က(စစ်ကောင်စီ) တိုက်ပုအိမ်(၅)လုံးနဲ့ လက်နက်ကြီးထိမှန်လို့ပျက်စီးသွားတဲ့အိမ်တစ်လုံးကိုတော့ မီးမရှို့သွားဘူး ကျန်တာတွေတော့ အကုန်ရှို့သွားတယ်”ဟု ဒေသခံတစ်ဦးက ပြောခမ်းသားငေါဝ်းကိုသည်။

တိုက်ပွဲဖြစ်ပွားပြီး အိမ်ခြေ(၆၃)ရှိသည့် အောင်သပြေကုန်းရွာသည် စစ်ကောင်စီက ဒေသခံနေအိမ်(၅၀)ကျော် မီးရှို့ဖျက်စီးခဲ့ကြောင်း ကျေးရွာထဲတွင်တပ်စွဲနေထိုင်သည့် စစ်ကောင်စီသည် ပြီးခဲ့သည့်မတ်လတွင်လည်း မြင်ကွင်းမရှင်းခြင်းကြောင့်ဆိုကာ ၎င်းတို့၏မြင်ကွင်းတွင်ပိတ်ထားသည့်နေအိမ်(၇)အိမ်ကိုလည်း မီးရှို့ဖျက်စီးခဲ့သေးကြောင်း သိရသည်။

နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးက “နဂိုကတည်းက စစ်ရှောင်နေရလို့ ငွေရေးကြေးရေး စားဝတ်နေရေးတွေအဆင်မပြေပါဘူးဆိုမှ အခုကနေအိမ်လည်းမရှိတော့ဘူး ဘယ်မှာသွားခိုလုံရမလည်း ဆိုတဲ့အတွေးက ဘာမှလုပ်မရကိုင်မရဖြစ်တဲ့အထိ စိတ်ဓာတ်တွေကျရတယ်”ဟု ခမ်းသားငေါဝ်းကိုပြောသည်။

ဒေသခံများသည် (၁၁၁၁)စစ်ဆင်ရေးစပြီးကတည်းက ယခုချိန်ထိ စစ်ဘေးတိမ်းရှောင်နေရပြီး အချို့ငွေကြေးတတ်နိုင်သည့်ဒေသခံများက စားဝတ်နေရေးအဆင်ပြေသော်လည်း တော်တော်များများက ငွေကြေးအဆင်မပြေကြသဖြင့် စားဝတ်နေရေးအပြင် ကလေးကျောင်းထားနိုင်ရန်အတွက်လည်း အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။

ဒါ့အပြင်လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စုထဲတွင် စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲမကြာခဏဖြစ်ပွားနေသေးသဖြင့် ကျောက်ကြီး၊ ကျောင်းကုန်း၊ ကုန်းဆွတ်၊ ဒေါတနေရွာစသည့်ဒေသခံများသည်လည်း စစ်ဘေးတိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရသည်။

PPV0010
ပုံ-Google (မြင်ကွင်းမရှင်းဟုဆိုကာ မီးရှို့စဥ်)
#လူ့အခွင့်အရေး
#လွိုင်ကော်မြို့နယ်
#အောင်သပြေကုန်းရွာ
#တိုက်ပွဲဖြစ်ပွား
#ဒေသခံနေအိမ်များ
#ရွာလုံးကျွတ်မီးရှို့ဖျက်စီး

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7