ခမ်းသားငေါဝ်း

ဇွန် ၁၀၊ ၂၀၂၅

https://www.facebook.com/share/p/14Geq4fVgdP/

ဖယ်ခုံအင်းအရှေ့ဖက်ကမ်းတွင် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် ဒေသခံအမြောက်အများစစ်ဘေးရှောင်နေရပြီး အရေးပေါ်အကူအညီများလိုအပ်နေကြောင်း သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံအင်းအရှေ့ဖက်ကမ်းတွင် စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တို့က ဇွန်လ ၉ ရက်နေ့တွင်အင်အားအလုံးအရင်းဖြင့် ထပ်မံစစ်ကြောင်းထိုးလာနေသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ဒေသခံများစစ်ဘေးရှောင်နေရသည်။

” ဆောင်နန်းကဲ၊ လွယ်ပေါ၊ နမ့်ပေါ်လုံကျေးရွာတစ်ကြောပေါ့ အကုန်ရှောင်နေကြပြီ၊ တစ်ချို့ဆို ဟို ၆ ရက်နေ့ကတည်းကရှောင်နေကြပြီ၊ ရွာထဲတော့တိုက်ပွဲမရောက်သေးဘူး၊ ဒါပေမယ့် လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ပစ်နေတာတွေရှိတယ်၊ ပြီးတော့ တိုကျပှဲကလညျးတဖွေးဖွေးနိီးလာပွီဆိုတော့ ရှောင်သွားကြတာပါ” ဟု သတင်းရင်းမြစ်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တို့သည် စစ်ကြောင်းထိုးလာစဥ် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေကြရပြီး အကူညီများလိုအပ်နေကြောင်း သိရသည်။

” အရေးပေါ်စစ်ရှောင်လာကြရတော့ အကူအညီတွေအများကြီးလိုအပ်နေတယ်၊ တချို့ဆို ထပ်ဆင့် စစ်ရှောင်နေရတော့ ဘာမှမပါလာကြဘူး၊ ဘာမှမသယ်လာနိုင်ကြဘူး၊ အဓိကတော့ အခြေ ခံစားသောက်ကုန်ရယ်၊ နေရာထိုင်ခင်းတွေအတွက် မိုးကာတွေ အရေးပေါ်လိုအပ်နေပါတယ်၊ တတ်နိုင်တဲ့လူများ ကူညီပေးကြပါလို့ တောင်းဆိုချင်ပါတယ်” ဟု ၎င်းကဆက်ပြောသည်။

ပြီးခဲ့သော ဇွန်လ ၆ ရက်နေ့တွင်လည်း စစ်ကောင်စီ ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နမ့်ပေါ်လုံကျေးရွာရှိ အသက် ၁၉ နှစ်အရွယ်ကျောင်းသားတစ်ဦးသေဆုံးသွားပြီး အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

PPV 003
ပုံ- crd to KPV
#လူ့အခွင့်အရေး
#ဖယ်ခုံအင်းအရှေ့ဖက်ကမ်း
#အင်အားအလုံးအရင်းဖြင့်ထပ်မံစစ်ကြောင်းထိုး
#တော်လှန်ရေးတပ်ဖွဲ့များ
#ထိတွေ့တိုက်ပွဲများဖြစ်ပွားနေ
#ဒေသခံများစစ်ဘေးရှောင်နေရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7