ခမ်းသားငေါဝ်း

ဇွန် ၁၀၊ ၂၀၂၅

https://www.facebook.com/share/p/1LvFnfMKGK/

စံကားဒေသသ ထီခိုးရွာသားအချို့နေရပ်ပြန်နိုင်ပြီဖြစ်သော်လည်း စိုက်ပျိုးရေးလုပ်ကိုင်ခွင့်မရသေးကြောင်း ဇွန်လ(၁၀)ရက်နေ့တွင် ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသ၊ ထီခိုးရွာတွင် တော်လှန်ရေးတပ်ဖွဲ့များတပ်စွဲရာမှ စစ်ကောင်စီ၊ PNO ပြည်သူ့စစ်တို့က ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် ရွာသားအချို့သည်လည်း နေရပ်ပြန်နေနိုင်ပြီဖြစ်ကြောင်းသိရသည်။

“အခုတော့ရွာထဲပြန်နေလို့ရသွားပြီ မိန်းကလေးတွေ သက်ကြီးရွယ်အိုတွေတော့ပြန်လို့မရသေးဘူး၊ ယောက်ျားလေးတွေပဲပြန်လို့ရသေးတာ၊ အခုကရွာထဲမှာရော ရွာပတ်ဝန်းကျင်မှာရော ရှင်းလင်းမှုမလုပ် ရသေးတာရယ် တိုက်ပွဲဖြစ်တဲ့နေရာနဲ့ နီးနေသေးတာရယ်ဆိုတော့ စိုက်ပျိုးရေးကတော့ လုပ်လို့မရသေးဘူး” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ထီခိုးရွာထဲတွင် ယခင်နှစ်စိုက်ပျိုးရာသီပြီးခါစအချိန်၌ ကျေးရွာထဲတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သောကြောင့် ဒေသခံများကစစ်ဘေးရှောင်ရပြီး စိုက်ထားသည့်သီးနှံပင်များကိုလည်း ပြုစုစောင့်ရှောက်ခွင့်မရခဲ့ကြောင်း သိရသည်။

“အခုကသီးနှံတွေပြန်စိုက်လို့ရရင်ကောင်းမယ်၊ ဘာလို့ဆိုအရင်နှစ်က စိုက်သာစိုက်ခဲ့ရတာ တိုက်ပွဲဖြစ်တော့ ပြောင်းပင်တွေဆို ဆေးလည်းမဖျန်းရ၊ မြေဩဇာလည်းမထည့် စိုက်ပြီးဒီတိုင်းပဲထားခဲ့ရတယ် ဘာမှမရလိုက်ဘူး၊ ဒီနှစ်လည်းစိုက်ပျိုးရေးမလုပ်နိုင်သေးရင်တော့ စားဝတ်နေရေးအတွက်က မတွေးရဲစရာပဲ”ဟု ၎င်းကဆက်ပြောသည်။

စစ်ကောင်စီနှင့် PNOပြည်သူ့စစ်တို့သည် နယ်မြေပြန်လည်ရရှိရေးအတွက်ဟုဆိုကာ အင်အားအလုံးအရင်းဖြင့် နေ့စဥ်ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် စံကားဒေသတောင်ဘက်ရှိ ညောင်လေးပင်၊ တောင်ပို့ကွဲ၊ နန်းတုတ်စသည့်ကျေးရွာများ၌ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဆက်လက်ပြင်းထန်နေသေးကြောင်း သိရသည်။

#PPV007
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#စံကားဒေသ
#ထီခိုးရွာ
#တော်လှန်ရေးတပ်ဖွဲ့များတပ်စွဲ
#ပြန်လည်ထိန်းချုပ်နိုင်ပြီ
#နေရပ်ပြန်နေနိုင်ပြီ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7