ခမ်းသားငေါဝ်း

ဇွန် ၁၀၊ ၂၀၂၅

https://www.facebook.com/share/p/1Au286rymh/

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ယနေ့ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲအတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA မှ စစ်ကောင်စီ ဂျက်ဖိုက်တာ တစ်စီးကို ပစ်ချနိုင်ကြောင့် ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းကို ဇွန်လ ၂ ရက်နေ့မှစတင်၍ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် စစ်ကောင်စီတို့ နေ့စဉ် စစ်ကောင်စီမှ လေကြောင်းနှင့် ဗုံးထောင်ဂဏန်းနီးပါးအထိရှိခဲ့ပြီး ယနေ့ ဇွန်လ ၁၀ ရက် နေ့လယ် ၁၂:၁၅ မိနစ်အချိန်တွင် PLA မှ စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစ်စီး ပစ်ချနိုင်ခဲ့သည်။

“ဂျက်ဖိုက်တာမှာတော့ လေယာဉ်မောင်းတဲ့သူ လို့ထင်ရတဲ့ အလောင်းတစ်လောင်းကိုတော့ တွေ့ထားတယ်ပေါ့နော် ၊ ဒီနေ့ နေ့လယ် ၁၂ နာရီ ပြည်သူလွှတ်မြောက်ရေးတပ်မတော် PLA ရဲဘော်တွေမှဒီဂျက်ဖိုက်တာကို ပစ်ချနိုင်ခဲ့တာ ၊ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာကို ပစ်ချနိုင်ခဲ့တာ မှန်ကန်ပါတယ် ၊ ဒီတိုက်ပွဲက ကန်ဒေါ့နယ်မြေသိမ်းစခန်းတိုက်ပွဲမှ ဖြစ်ပွါးခဲ့တာပါ”ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တာဝန်ရှိသူ တစ်ဦးမှ ခမ်းသားငေါဝ်းကိုပြောသည်။

အဆိုပါ ဂျက်ဖိုက်တာသည် ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲသို့ လေကြောင်းပစ်ကူလာပေးစဉ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ ပစ်ချလိုက်ကြောင်းနှင့် လေယာဉ်အမျိုးအစားနှင့် လေယာဉ်မှူးများ သေဆုံးမှု ရှိမရှိကို ဆက်လက်စိစစ်နေဆဲ ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

ထို တိုက်လေယာဥ် ၁ စီးသည် ရုတ်တရက်စက်ချို့ယွင်းပြီး မြေပြင်ပေါ် ပျက်ကျခဲ့သည်ဟု စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လာသည်။

PPV0013
ပုံ-PLA
#စစ်ရေး
#စစ်ကိုင်းတိုင်း
#ပုလဲမြို့နယ်
#ကန့်ဒေါင့်ရဲစခန်းကို
#ပြည်သူ့လွတ်မြောက်ရေးတပ်မတော်
#PLA
#ဂျက်ဖိုက်တာတစ်စီးပစ်ချနိုင်ခဲ့
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7