ခမ်းသားငေါဝ်း
ဇွန် ၁၀၊၂၀၂၅
https://www.facebook.com/share/p/16Kjkp57qn/
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်ဆောင်းပြောင်းဒေသအပြင် ၊ ဆီဆိုင် ၊ ညောင်ရွှေ ၊ မိုးဗြဲ ၊ ဖယ်ခုံ စသည့်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွါးမှုကြောင့်စစ်ဘေးရှောင် ၅ သောင်းကျော် နေရပ်မှစွန့်ခွါခဲ့ရပြီး လူသားချင်းစာနာထောက်ထားမှုအကူညီလိုအပ်ချက် မြှင့်မားလာကြောင်း ပအိုဝ်လူငယ်အစည်းအရုံးမှ ဇွန်လ (၉)ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
ရှမ်းတောင်ဒေသ အတွင်း ၂၀၂၅ ခုနှစ် မေလပထမပတ်အထိ စစ်ဘေးတိမ်းရှောင်နေရသူ စုစုပေါင်း – ၅၀၀၀၀ ဦး ( ငါးသောင်းဦး ) အထက်ရှိနေဆဲဖြစ်ပြီး ယခုချိန်ထိ အရေးပေါ်အကူညီများဖြစ်သည့် အစားအသောက် ၊ အမိုးအကာ၊ ဆေးဝါးပစ္စည်းများဆိုင်ရာ အကူညီများ ဆက်လက် လိုအပ်နေလျက်ရှိကြောင်း သိရပါသည်။
“အရေးပေါ်နေထိုင်ဖို့ အတွက် အမိုးအကာ၊ အခင်းတွေလိုတယ်ပေါ့နော် ပြီးရင် ဆန်၊ဆီ၊ဆေး၊ဆား စားသောက်ကုန်တွင် ပထမဆုံးအရေးကြီး လိုအပ်ချက်လေ၊ အဓိကတော့ စားသောက်ကုန်တွေပဲ အဆင်ပြေရင် တော်တော်အဆင်ပြေနေပြီ” ဟု ပင်လောင်းဒေသခံတစ်ဦးမှပြောသည်။
၂၀၂၅ ခုနှစ် ဇွန်လပထမပတ်အထိ ဒေသခံအများစု စစ်ဘေးဆက်လက်တိမ်းရှောင်နေရဆဲဖြစ်ပြီး ဒေသတွင်းအလုပ်အကိုင်၊ ကလေးပညာရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်သည့် အခြေအနေ မရှိသေးကြောင်းသိရသည်။
“ကျောင်းဖွင့်တော့မယ်ဆိုတော့ ကလေးတွေ ပညာရေးလည်း တွေးနေရတယ်ပေါ့နော် အများစုကတော့ ကျောင်းဆက်မထားနိုင်တဲ့ မိဘတွေများတယ်ပေါ့နော် ဘာလို့ဆို သူတို့ကိုယ်တိုင်းကိုက ရွာပြန်နိုင်ခဲ့ရင်တောင်မှာ အိမ်မရှိတဲ့အနေအထားမှာ ကလေးပညာဆက်ထားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး ဆိုတာမျိုးတွေရှိတယ်ပေါ့နော်”ဟု ဆောင်းပြောင်းဒေသခံတစ်ဦးမှပြောသည်။
ထို့ပြင် စစ်ဘေးတိမ်ရှောင်သူများသည် အရင်နှစ် ၂၀၂၄ တွင်လည်း စိုက်ပျိုးရေးတွင် သီးနှံမစိုက်နိုင်ခဲ့သဖြင့် ကလေးပညာရေးအတွက် ကျောင်းဆက်ထားရန် တွန့်ဆုတ်နေကြကြောင်းသိရသည်။
ထို့ကြောင့် ရှမ်းတောင် တစ်ခုလုံးရှိ စစ်ဘေးတိမ်ရှောင်နေသူသည် ပင်လောင်း တွင် ၁ သောင်းကျော် ၊ ဆီဆိုင် ၁ သောင်း ၈ ထောင်၊ညောင်ရွှေ ၁ သောင်းခွဲ၊ မောက်မယ် ၁ ထောင်ကျော်ရှိကြောင်း ပအိုဝ်းလူငယ်အဖွဲ့အစည်း (PYO) ၏ ထုတ်ပြန်ချက်ရသိရပါသည်။
PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ပင်လောင်းမြို့နယ်
#ဆောင်းပြောင်းဒေသ
#ဆီဆိုင်
#ညောင်ရွှေ
#မိုးဗွဲ
#ဖယ်ခုံ
#လူသားချင်းစာနာထောက်ထားမှုအကူညီ
#ပအိုဝ်လူငယ်အစည်းအရုံး
#PYO
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7