ခမ်းသားငေါဝ်း
ဇွန်လ ၉၊ ၂၀၂၅

https://www.facebook.com/share/p/179Kjn6FxK/

ရတနာသီရီ ရပ်ကွက် ၊ ဝင်္ကပါရေထွက်တွင် ရေဆင်းချိုးပြီး ရေစီးထဲပါသွားသည့် ကိုရင်ငယ်နှစ်ပါး ပျံလွန် မူလျက် ပြန်တွေ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ရတနာသီရိရပ်ကွက်တွင်ဇွန်လ ၈ ရက် ညနေပိုင်း ၃ နာရီ ကျော် အချိန်က ရေဆင်းချိုးရာမှ ရုတ်တရက် ရေကြီးခြင်းကြောင့် နစ်မြုပ်ခဲ့သောကိုရင်ငယ်ကို တစ်ညလုံး ရှာဖွေကြပြီးနောက် မနက်ခင်း ၃ နာရီ ၁၅ မိနစ် အချိန်တွင် ရုပ်အလောင်းကို ပြန်လည် ရှာတွေ့ခဲ့ကြောင်း သိရသည်။

“မနေ့ညက လူတွေစုပေါင်း ရှာကြတာ။ ရေက ရေထွက် ရေကန်ကို လျှံတက်ပြီး မြုပ်နေတာ ဆင်းရှာလို့ မရဘူး၊ ရေဆင်းပေါက် ကနေ အကုန်ရေကျသွားချိန် မနက် ၃ နာရီလောက်မှာ အမျိုးသားအခန်းဘက် ကိုရင်ငယ် နှစ်ပါးကို ပြန်ရှာတွေ့ခဲ့တယ်၊ မနေ့ က ရေကန်က အော်တာလည်းကြားရတယ်၊ ဒီမနက်တော့ ဆေးရုံကိုသယ်သွားပြီးကျောင်းကို ပြန်သယ် လာပါပြီ၊”ဟု ရပ်ကွက်နေ ပြည်သူ တစ်ဦးက ဆိုသည်။

ဇွန်လ ၈ ရက် တစ်ညလုံး အဖွဲ့များဖြင့် စုပေါင်း ရှာဖွေကြရာ စင်္ကပါရေထွက်အတွင်း ရေကျချိန် မနက် ၃ နာရီ ၁၅ မိနစ် အချိန်တွင်မှ အမျိုးသား ရေချိုးခန်း နေရာဘက်တွင် ပြန်တွေ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုကိုရင်နှစ်ပါးသည်ဓမ္မဝိဟာရ ကျောင်းမှ ကိုရင် နှစ်ပါး ဖြစ်ပြီး ရေဆော့ နေချိန်ရုတ်တရက် မိုးကြီးလာသဖြင့် မရှောင်နိုင်တော့ဘဲ ရေနစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုရင်ငါးပါး ရေဆင်းချိုးချိန် ရေကြီးလာသဖြင့် ကိုရင် သုံးပါးထွက်ပြေးရာတစ်ပါး ကျန်ရစ်သည်ကို ပြန်လည် ခေါ်ယူသော ကိုရင်တစ်ပါးလည်း နစ်မြုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ထို ဝင်္ကပါ ရေထွက်မှာ အနိမ့်ပိုင်းရပ်ကွက်တွင် တည်ရှိကာလမ်းမှ ပေ၂၀ နီးပါး အနိမ့်ပိုင်းတွင် တည်ရှိခြင်း ဖြစ်ကြောင်း သိရသည်။

#ppv006
#သဘာဝဘေး
#ကိုရင်နှစ်ပါး
#ရတနာသီရိ

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

You missed