ခမ်းသားငေါဝ်း

ဇွန် ၁၀၊ ၂၀၂၅

https://www.facebook.com/share/p/15m6icz55X/

တအောင်းတပ်မတော် TNLA တည်ရှိရာ ‌နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ‌ဇွန်လ(၉)ရက်နေ့တွင် TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့ ဇွန်လ(၉)ရက် နံနက်(၈)နာရီ မိနစ်(၅၀)တွင်စစ်ကောင်စီ၏ ထိုးစစ်ဆင်လာမှုကြောင့် ပိန္နဲကုန်းနှင့် ကန်ကြီးကျေးရွာကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ‌နောင်ချိုမြို့နယ်တွင်ဇွန်လ(၉)ရက်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ လက်နက်ကြီး (၂၇)လုံး ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

TNLA ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဇွန်လ(၈)ရက်မှာလည်း နောင်ချိုမြို့နယ်ရှိ ရှောက်ခြံကျေးရွာ၊ ကန်ကြီးကျေးရွာနှင့် လက်ပန်ကုန်းကျေးရွာတို့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

ထိုရက်တိုက်ပွဲအတွင်း စစ်ကောင်စီမှ ဒရုန်းဗုံး(၁၂)လုံး၊ လက်နက်ကြီး(၁၈)လုံး ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အတူ ဇွန်လ(၇)ရက်မှာလည်း နောင်ချိုမြို့နယ် ကန်ကြီးကျေးရွာ၊ ညောင်တောနှင့် နောင်ချိုကြီးကျေးရွာတို့တွင် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

ဇွန်လ(၄)ရက်နေ့က စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်အတွင်း လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၂)ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်(၂)လုံး၊ ဘုန်းကြီးကျောင်း(၁)ကျောင်း ဗုံးစထိမှန် ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

ညီနောင်မဟာမိတ်(၃)ဖွဲ့မှ ငလျင်ဒဏ်သင့်မှု ပြန်လည်ထူထောင်ရေးတွင် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ဇွန်လ(၂)ရက်နေ့က တစ်ဖက်သတ်အပစ်ရပ် ထပ်မံ သက်တမ်းတိုး ကြေညာထားခဲ့သော်လည်း စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုနည်းတူ စစ်ကောင်စီသည်လည်း ဇွန်လကုန်အထိ အပစ်ရပ်ကြေညာထားသော်လည်း နောင်ချိုမြို့နယ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

PPV0011
ပုံ-အွန်လိုင်း
#စစ်ရေး
#တအောင်းတပ်မတော်
#TNLA
#နောင်ချိုမြို့နယ်
#ထိုးစစ်ဆင်မှု
#နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

You missed