ခမ်းသားငေါဝ်း
ဇွန် ၉၊ ၂၀၂၅
https://www.facebook.com/share/p/16R5G5ZZhA/
တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းအား မန္တလေးငလျင်ကြီးကြောင့် ပြန်ဖြေဆိုရမည့် စာမေးပွဲပြီးမှသာ တစ်ပေါင်းတည်း ထုတ်ပြန်ပေးသွားမည်ဟုပညာရေးဝန်ကြီးဌာနမှ စစ်ကောင်စီ၏ သတင်းဌာနကတစ်ဆင့် ဖြေကြားထားသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၅၊ မတ်လ တွင်ဖြေဆိုခဲ့သည့်တက္ကသိုလ်ဝင်စာမေးပွဲနှင့် ငလျင်ကြီးဒဏ်ကြောင့် ဇွန်လ (၁၆)ရက်နေ့မှ ပြန်လည်ဖြေဆိုကြမည် တက္ကသိုလ်ဝင်စာမေးပွဲနှင့်အတူတပေါင်းတစ်စည်းထဲပြီးမှသာလျင် ထုတ်ပြန်ကြေညာမည်ဟု ဖြေကြားထားသည်။
မန္တလေးငလျင်ကြောင့် အဖြေလွှာများမီးလောင်ပျက်စီးသွားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် တက္ကသိုလ်ဝင်စာမေးပွဲကို လာမည် ဇွန်လ (၁၆) ရက်မှ (၂၁ ) ရက်နေ့ အထိ ပိတ်ရက်မရှိ ပြန်လည်ကျင်းပ စစ်ဆေး သွားမည့်အကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်အတိုင်း အောင်စာရင်းလုပ်ငန်းစဉ်များအားလုံးကို ဆောင်ရွက်ပြီးစီး၍ အောင်စာရင်းကြေညာရန်အသင့်ဖြစ်သည့် အချိန်မှသာ အောင်စာရင်းထုတ်ပြန်မည့်ရက်ကို နိုင်ငံပိုင် ရုပ်မြင်သံကြား၊ သတင်းစာများ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ဝက်ဆိုဒ် တို့မှတစ်ဆင့် တရားဝင် အချိန်မီ အသိပေးကြေညာပါမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
PPV0013
ပုံ-အွန်လိုင်း
#ပညာရေး
#တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း
#မန္တလေးငလျင်ကြီး
#ပြန်ဖြေဆိုရမည့်စာမေးပွဲပြီးမှ
#ထုတ်ပြန်ပေးသွားမည်
#ပညာရေးဝန်ကြီးဌာန
#စစ်ကောင်စီသတင်းဌာန
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7