ခမ်းသားငေါဝ်း
ဇွန် ၉၊ ၂၀၂၅
https://www.facebook.com/share/p/16CSNbH7kW/
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြိုနယ်ရှိ ကျေးရွာ ၇ ခုမှဒေသခံ ပြည်သူ ၆ဝဝဝ ကျော်ကို ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ကျေးရွာအတွင်းမှ ဘုရားဖြူရွာသို့ ပြောင်းရွှေ့သွားရန် အမိန့်စာပေးပို့ထားကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ နောင်ကျောကျေးရွာအုပ်စုမှ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာ နှင့် တောင်ရှေ့ကျေးရွာအုပ်စုမှ နောင်ထော်ရှိ ၆ ရွာ ၊ ကလားလမ်းရွာ ကျေးရွာအုပ်စု(၂)ခုရှိ ရွာသား ၆ ထောင်ကျော်ကို ဆီဆိုင်မြို့ ဘုရားဖြူရွာသို့ ပြောင်းရွှေ့နေထိုင်ရန် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဇွန်လ (၇)ရက်နေ့ တွင် ကျေးရွာသို့ စာပို့ထားသည်။
“သူတို့ဒီလို့လုပ်တာက တော်လှန်ရေးနဲ့ လူထုကိုအဆက်သွယ်ပျက်အောင်၊ တော်လှန်ရေးနဲ့လူထု ထိစပ်မှုမရှိအောင်လုပ်ချင်တာပဲဖြစ်ပါတယ်၊ ပြီးတော့ ဒီလို့မျိုးလုပ်တယ်ဆိုတာက ပြည်သူလူထုရဲ့ရပ်ရွာဥစ္စာ စည်းစိမ်းကိုဖျက်ဆီးခြင်းတဲ့အတွက်လုပ်တယ်လို့ဘဲမြင်ပါတယ်၊ သို့ပေမဲ့လည်းဒီလက်ရှိအချိန်မှာကိုယ်ကျိုးစိီးပွါးအတွက်နဲ့ပြည်သူစစ်အဖြစ်ခံယူထားတဲ့အဖွဲ့ အခုတော့ ကိုယ်ကျိုးစီးပွါးအတွက်နဲ့ပြည်သူ့လူထုကိုပြန်လည်ပြီးတော့မှာမောင်းထုတ်နေတဲ့ ကျေးဇူးကန်နေတဲ့အဖွဲ့ဖြစ်ပြီလို့ ဒေသခံတွေပြောတဲ့အတိုင်းဘဲပြောရမယ်ဖြစ်ပါတယ်”ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) မှ တာဝန်ရှိသူက ခမ်းသားငေါဝ်းကိုပြောသည်။
ထို့အပြင် ကျေးရွာအတွင်းမှ ထွက်ခွါသူများအနေဖြင့်လည်း တောင်ယာနှင့် စစ်ဘေးရှောင်စခန်းသို့ သွားရောက်နေထိုင်ခြင်း မပြုရန် နှင့် ဆီဆိုင်မြို့ ဘုရားဖြူကျေးရွာ မွေတော်ဘုရားဝန်းသို့သာ ထွက်ခွါသွားရမည်ဟု PNO က ပို့လာသည့်စာတွင်ဆိုထားသည်။
“ဒါက အဲ့ဒီကျေးရွာတွေမှာရှိတဲ့ ပြည်သူလူထုအားလုံးကိုဖမ်းပြီးတော့မှထောင်ထဲ ထည့်လိုက်တာနဲ့အတူတူပဲဖြစ်ပါတယ်၊ ဒါ PNO အနေနဲ့ ပြန်စဉ်စားရမှာ ကိုယ်အဖွဲ့အစည်းကအစ တည်ထောင်ခါစကတည်းကလူထုရဲ့ထမင်းနဲ့ကြီးထွားလာတဲ့အဖွဲ့ဖြစ်တယ်ပေါ့နော် အခုကြတော့အကျိုးစီးပွါး ခရော်နီနေဝင်ထွန်းရဲ့အကျိုးစီးပွါးကာကွယ်ရင်နဲ့ပအိုဝ်းလူထုကိုဒီလို့မျိုးပြန်မောင်းထုတ်နေရတာပြန်ဖမ်းနေရတာ လုပ်ရက်ကြသလား ကိုယ်ဘာသာကိုယ် ပြန်မေးဖို့ လို့ပါတယ်”ဟု ၎င်း ကဆက်ပြောသည်။
၎င်းကျေးရွာများတွင် ကျေးရွာအချို့သည် တော်လှန်ရေးနယ်မြေအတွင်းမှဖြစ်ပြီး ကျေးရွာအချို့သည် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ထိန်းချုပ်ထားသည့်ကျေးရွာများဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဒေသခံများကို ကျေးရွာအတွင်းမှ ထွက်သွားရန် မောင်းထုတ်သည့်စာ ပေးပို့ပြီးနောက် ကျေးရွာအချို့တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ဝင်ရောက်တပ်စွဲခဲ့ကြောင်း ရေးသားထားပါသည်။
ထိုသို့ ပြောင်းရွေ့ခိုင်းခြင်းသည် ထိုဒေသအတွင်း တိုက်ပွဲဖော်ဆောင်လာမည်ကို ဒေသခံများက စိုးရိမ်နေကြောင်းသိရသည်။
PPV0013
#လူ့အခွင့်အရေး
#စစ်ကောင်စီလက်အောက်ခံ
#PNO
#ပြည်သူ့စစ်က
#ဆီဆိုင်မြိုနယ်
#ကျောကျေးရွာအုပ်စု
#တပူးထိုရွာ
#ကောင်ထိုရွာ
#လွယ်ငွန်းရွာ
#နောင်ဗိုရွာ
#ပင်စက်ရွာ
#တောင်ရှေ့ကျေးရွာအုပ်စု
#နောင်ထော်
#ကလားလမ်းရွာ
#ကျေးရွာအတွင်းထွက်သွားရန်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7