ခမ်းသားငေါဝ်း
ဇွန်လ ၈၊ ၂၀၂၅

https://www.facebook.com/share/p/1BmU9avtQT/

လိုင်စင်မဲ့ယာဉ်များဆက်တိုက် ဖမ်းဆီးခြင်းကြောင့် ရှမ်းပြည် နယ်တောင်ပိုင်းတွင် ခရီးသွားများ လည်ပတ်မှု နည်းပါးသွားကြောင်း ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူ များ ထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ၊ ညောင်ရွှေ၊ ကလော၊ အောင်ပန်း၊ ပင်းတယ၊ ရွာငံ ၊ ရွှေညောင်နှင့် တောင်ကြီး တို့တွင် ခရီးသွားလုပ်ငန်းဆိုင်ရာ အများပြည်သူ လည် ပတ် အပန်းဖြေရာ နေရာ ပန်းခြံများ၊ သဘာ၀ တောတောင် ရေတံခွန်များတို့တွင် ခရီးသွား ဝင်ရောက်မှု နည်းပါးခဲ့ကြောင်း ဇွန်လ (၇) ရက်ကသိရသည်။

ညောင်ရွှေ နှင့် ရွှေညောင်တို့ရှိ စားသောက်ဆိုင် လုပ်ငန်းများ၊ အပန်းဖြေ စခန်းများတွင် လာရောက် လည်ပတ်သူ မရှိသလောက် နည်းပါးလာခဲ့ကြောင်း ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

“ ဒီနေ့ အခြေအနေ ကတော့ မြင်တဲ့ အတိုင်းပဲ၊ စနေ ပိတ်ရက် ဖြစ်တာတောင် ဘယ်သူမှ အပြင် မထွက်ရဲကြတော့ဘူး။ အရင်တုန်းက စနေ ၊ တနင်္ဂနွေ ပိတ်ရက် စည်ကားနေတဲ့ နေရာတွေတောင် ရှင်းလင်းနေတာပဲ၊ ကားတွေ ဆိုင်ကယ်တွေ အပြင်ထွက်ပြီး မစီးရဲတော့ဘူးလေ။ ဆိုင်ရောင်းအား ကျတယ်။”ဟု ညောင်ရွှေမြို့မှ စားသောက်ဆိုင် လုပ်ငန်း ဆိုင်ရှင် တစ်ဦးက ဆိုသည်။

ထို့ပြင် မြို့များတွင် စျေးရောင်းနေကြသော စျေးသည်များလည်း စျေးဝယ်မရှိသဖြင့် အရောင်းပါးကြောင်း ၊ ရောင်းအား တစ်ဝက်ကျော် ကျဆင်းလာသဖြင့် လုပ်ကိုင်ရ ပိုမို ခက်ခဲလာနေကြောင်း၊ လမ်းမကြီးဘေး ကုန်စိမ်း စျေးဆိုင် တစ်ဦး က လည်း ဆိုသည်။

ကုန်စိမ်း စျေးသည် တစ်ဦးက“ ဆိုင်ကယ် ပါ မကျန် ဖမ်းနေတော့ ဘယ်သူမှ မလာကြတော့ဘူး၊ ခြောက် ကပ်နေတာပဲ၊ ကုန်စျေးနှုန်း တက်တာက တစ်မျိုး ၊ အရင်းအနှီး စျေးကြီးတာက တစ်မျိုး ၊ စျေးဝယ် မရှိတော့ ရောင်းအားကျတယ်။ စိတ်တောင် ညစ်လာ ပြီ။ ”ဟု ဆိုသည်။

စနေ ၊ တနင်္ဂနွေ ပိတ်ရက်များတွင် ပိုမို ဖမ်းဆီးလေ့ ရှိကာ ၊ နေ့ရော ညပါ မော်တော်ယာဉ်များကို တင်းကြပ်စွာ ဖမ်းဆီးသွားရန် ပြင်ဆင်နေကြောင်း သတင်းရင်းမြစ် ထံမှ ကြား သိရသည်။

တောင်ကြီးမြို့ အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ အေးသာယာ၊ ရွှေညောင် ၊ ညောင်ရွှေ၊ ဟဲဟိုး ၊ အောင်ပန်း ၊ ကလော ၊ ပင်းတယ၊ ရွာငံ စသည့် မြို့များရှိ လမ်းများတွင် ယာဉ်အသွားအလာ လျော့ကျပြီး နည်းပါးခဲ့ကြောင်း သိရသည်။

photo credit
#PPV-006
#Humanright
#လိုင်စင်မဲ့
#ခရီးသွား
#ရှမ်းတောင်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295