ခမ်းသားငေါဝ်း
ဇွန်လ ၈၊ ၂၀၂၅
https://www.facebook.com/share/p/1BjFDQJRpo/
တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက် ၊ ၀င်္ကပါ ရေထွက်၊ ရေကန်တွင် ရေဆင်းချိုးသော ကိုရင်နှစ်ပါး ပျောက်ဆုံးနေပြီး ဇွန်လ (၈) ရက် ညပိုင်း အချိန်ထိ ရှာမတွေ့သေးကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး မြို့ ရတနာသီရိ ရပ်ကွက်၊ ၀င်္ကပါ ရေထွက် ရေကန်တွင် ဇွန်လ (၈) ရက် မွန်းလွဲပိုင်း (၃) နာရီခန့်က ကိုရင်ငယ်လေးများ သွားရောက် ရေဆင်းကူးချိန် မိုးနည်းနည်းရွာပြီး ၊ မိုးကြီးချိန် ရေတက်အားမြန်ဆန်လွန်းသဖြင့် ကိုရင်နှစ်ပါး ရေနစ်ခြင်း ဖြစ်ကြောင်း သိရသည်။
“ မိုးတွေကြီးလာတော့ ကိုရင်လေးတွေ မပြေးနိုင်တော့ဘဲ ရေနစ်သွားတာ ၊ အသက် ဆယ်နှစ်ကျော် ကိုရင်ငယ် နှစ်ပါး ရေနစ်သွားတာ ခုထိ ညပိုင်း အချိန်ထိ ရှာမတွေ့သေးဘူး။ ” ဟု ရပ်ကွက်နေ ပြည်သူ တစ်ဦးက ဆိုသည်။
အဆိုပါ ရေနစ်မြုပ်သွားသောကိုရင်ငယ်လေး နှစ်ပါး ကို မီးသတ်တပ်ဖွဲ့အပါအဝင် ကူညီကယ်ဆယ်ရေး အဖွဲ့များ လာရောက် ကြသော်လည်း ကယ်ဆယ် ရေး အဖွဲ့ပင် ဆင်းမရှာနိုင်ခဲ့ကြောင်း၊ ထို ရေထွက် နှင့် ရေချိုးကန် ၊ ရေကန်သည် တစ်ဆက်တည်း ဖြစ်နေကြောင်းသိရသည်။
မွန်းလွဲပိုင်းမှ စ၍ ရေနစ်ပျောက်ဆုံးနေသော အသက် ၁၀ နှစ်ခန့် ကိုရင်ငယ် နှစ်ပါး ကို ညပိုင်း အချိန်ထိ ဆက်လက် ရှာဖွေ လျှက် ရှိနေသေးကြောင်း သိရသည်။
ယနေ့ မွန်းလွဲပိုင်းအချိန်တွင်မိုးရွာသွန်းပြီးနောက် တောင်ကြီးမြို့ ဦးကြီးခမ်းရပ်၊ ဂုဏ်ထူးလမ်းတွင် လမ်းရေကျော်မှု ဖြစ်ကာ ရေကြီးရေလျှံမှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
#PPV-006
#သဘာဝဘေး
#တောင်ကြီးမြို့
#ကိုရင်
#ရေကြီး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295