ခမ်းသားငေါဝ်း

ဇွန် ၈၊ ၂၀၂၅

https://www.facebook.com/share/p/1FVgZvBDC4/

ပင်လောင်းမြို့ ၊ ဘန့်ဖယ်ရပ်ကွက် အတွင်းတွင် လိုင်စင်မဲ့ယာဉ် လိုက်လံ စစ်ဆေးရာ အိမ်ထဲထိ လာရောက်ဖမ်းဆီးခြင်းခံရကြောင်း ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဘန့်ဖယ်ရပ်ကွက်အတွင်းဇွန်လ ၆ ရက်၌ လိုင်စင်မဲ့ယာဉ်များလိုက်လံစစ်ဆေးရာတွင် အိမ်ထဲရှိ လိုင်စင်မဲ့ကားများကို ဖမ်းဆီးသွားခဲ့ကြောင်းသိရသည်။

“ဘန့်ဖယ်ရပ်ကွက်ထဲဝင်စစ်တာ၊ ဦးလေးရဲ့ကား အိမ်ထဲမှာ ရပ်ထားတာ ဝင်ဖမ်းသွားတာ၊သုံး လေးအိမ်လောက်တော့ပါသွားတယ်၊ ဘန့်ဖယ်နဲ့ဘုရားမြောက်စစ်မယ်ပြောတာ၊ ဘန့်ဖယ် ဘဲဝင်ရသေးတယ်၊ အခုတော့အစည်းဝေးပြန်လုပ်ပြီးပြောတာတော့အဲ့လိုမပေးဝင်ဘူး၊ ဖမ်းပိုင်ခွင့်ကလမ်းမှာ ဘဲရှိတယ်တဲ့၊ အဲ့ကြောင့်တစ်မြို့လုံးဘာကားဆိုင်ကယ်မှမစီးတော့ဘူး” ဟု ဒေသခံတစ်ဦးမှပြောသည်။

ပင်လောင်းမြို့တွင် ဇွန်လ (၁)ရက်နေ့မှစပြီး စစ်ကောင်စီမှာ လိုင်စင်မဲ့ဆိုင်ကယ် ၊ကားများကိုဖမ်းဆီးနေပြီး ဖမ်းဆီးရမိသည့် ဆိုင်ကယ်များကို ငွေသိန်း၂၀ ဖြင့်ပြန်ရွေးခိုင်းစေခဲ့ကြောင်း သိရပါသည်။

လိုင်စင်မဲ့ယာဥ်များအား ရင်းမှီးဂိတ်နှင့် ပင်လောင်းမြို့မစျေး အနောက်ဖက်တို့တွင်အဓိက ဖမ်းကြပြီး နေ့စဉ်စောင့်ကာ စစ်ဆေးဖမ်းဆီးနေကြောင်း သိရသည်။

PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ပင်လောင်းမြို့
#ဘန့်ဖယ်ရပ်ကွက်
#လိုင်စင်မဲ့ယာဉ်
#လိုက်လံစစ်ဆေး
#အိမ်ထဲထိဖမ်းဆီးခံရ

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7