ခမ်းသားငေါဝ်း

ဇွန် ၈၊ ၂၀၂၅

https://www.facebook.com/share/p/1XmvHkVQFA/

ပင်လုံမြို့ မြှောက်ဖက် သုဿန်ဇရပ်တွင် လမ်းမလျှောက်နိုင်သည့် အမျိုးသားတစ်ဦးကို ကားတစ်စီးက လာပြီး စွန့်ပစ်ခဲ့ကြောင်းမြို့ခံများထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့မြှောက်ဖက် သုဿန်ဇရပ်တွင် မသန်စွမ်း အသက် ၅၀ ဝန်းကျင်အမျိုးသားတစ်ဦးကို ကားတစ်စီးက ဇွန်လ ၇ ရက်နေ့တွင် လာရောက်စွန့်ပစ်ခဲ့သည်။

“ခုတော့ တာဝန်ရှိသူက ထမင်းကျွေး ကြည့်ထားတယ်။ သူက ဟိုပုံးမြို့နယ် မိုင်းနန်းရွာကပြောတယ်။သနားပါတယ်။ သူကလမ်းမလျှောက်နိုင်ဘူး သူ့မိသားစုတွေက လာပစ်တာထင်ပါတယ်”ဟု ပင်လုံမြို့ခံတစ်ဦးကပြောသည်။

၄င်းစွန့်ပစ်ခံရသူသည် အမနှင့် ခယ်အိုရှိပြီး သက်ဆိုင်ရာ မိသားစုများ လာရောက်ခေါ်ယူရန်လည်း တာဝန်ရှိသူကပြောထားကြောင်း သိရသည်။

ပြီးခဲ့သည့်မေလ ၄ ရက်နေ့တွင်လည်း ပင်လုံမြို့ နောင်ဟူးဖူဆယ်ကွင်းဘေးတွင် အမည်မသိအမျိုးသားတစ်ဦး အရက်အမူးလွန်ပြီး လမ်းဘေးသေဆုံးမှုဖြစ်စဉ်လည်းရှိခဲ့ကြောင်းသိရသည်။

#PPV005
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ပင်လုံမြို့မြှောက်ဖက်
#သုဿန်ဇရပ်
#မသန်စွမ်း
#စွန့်ပစ်ခဲ့

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7