ခမ်းသားငေါဝ်း
ဇွန်လ ၆၊ ၂၀၂၅

https://www.facebook.com/share/p/199dSbfvTU/

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ဒေသများတွင် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုများဆောင်ရွက်နိုင်ရန် အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များ ထုတ်ပေးမည်ဖြစ်ကြောင်းသိရသည်။

တအာင်းပြည်အတွင်းရှိ တောရွာမြို့နေ မိဘပြည်သူလူထုအားလုံး လူဦးရေ စီစစ်ပြီး အိမ်ထောင်စုစာရင်းများထုတ်ပေးခြင်း၊ တအာင်းပြည်သားမှတ်ပုံတင်များစီစစ်ထုတ်ပေးခြင်း၊ ဧည်တအာင်းပြည်သားမှတ်ပုံတင်စီစစ်ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနေလျက်ရှိကြောင်း TNLA သတင်းပြန်ကြားရေးတာဝန်ခံ မလွေးယေဦး က ဇွန်လ ၅ ရက်နေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

” တအောင်းဒေသမှာဆိုရင် လူဝင်မှုကြီးကြပ်ရေး ဌာနတွေ ဖွဲ့စည်းထားပြီး လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများဆောင်ရွက်နေပါတယ်၊ မှတ်ပုံတင်စာရင်းတွေ၊ အိမ်ထောင်စုစာရင်းတွေ စတင်ကောက်ခံနေပါတယ်၊မြို့နယ်တိုင်းမှာတရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုဆောင်ရွက်နေတဲ့အချိန်မှာ အထူးသဖြင့် လူဝင်မှုကြီးကြပ်ရေးကမရှိမဖြစ်လိုအပ်ပါတယ်၊ ရပ်ရွာတွေမှာ မှတ်ပုံတင် နဲ့ အိမ်ထောင်စုစာရင်းထုတ်ပေးတာ၊ ပြုစုပေးတာတွေ ဆောင်ရွက်ပေးနေပါတယ်” ဟု လွေးယေဦးက ပြောကြားခဲ့သည်။

ထို့အပြင် တအာင်းဒေသတွင် PSLF/TNLA မော်တော်ယာဥ်မှတ်ပုံတင်ကြီးကြပ်ရေးငှာနမှ မော်တော်ယာဥ်များနှင့်စပ်လျဥ်းသည့် ပိုင်ဆိုင်မှု၊ရောင်းဝယ်မှု၊ ယာဥ်တိုက်မှု၊ ယာဥ်ပျောက်ဆုံးမှု ပြသနာများလျော့ချနိုင်ရန်မော်တော်ယာဥ်မှတ်ပုံတင်ခြင်း၊ ယာဥ်လိုင်စင် နှင့် ယာဥ်မောင်းလိုင်စင်များ ပြုလုပ်ဆောင်ရွက်ပေးနေကြောင်းပြောကြားခဲ့သည်။

#PPV003
#TNLA
#အိမ်ထောင်စု
#တအာင်းဒေသ
#မှတ်ပုံတင်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295