ခမ်းသားငေါဝ်း

ဇွန်လ ၅၊ ၂၀၂၅

https://www.facebook.com/share/p/18k7xU5jMQ/

နှစ်ဖက်ကိုယ်စီ အပစ်ရပ်ကြေညာထားသော်လည်း စစ်ကောင်စီ၏ စစ်အင်အားဖြည့်တင်းလာမှု၊ ထိုးစစ်ဆင်လာမှုများကြောင့် နောင်ချို၊တောင်ခမ်းဒေသတွင် တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားနေရကြောင်း TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦး က ယနေ့ ဇွန်လ ၅ ရက် နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

” စစ်ကောင်စီက ရပ်စောက်၊ ကျောက်ဂူ ဖက်ကနေတစ်ဆင့် ဖြတ်ကျော်လာပြီး နောင်ချို၊ တောင်ခမ်း ဖက်ကို စစ်အင်အားဖြည့်တင်းလာတာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ ကို ပြုလုပ်နေပါတယ်၊ မိမိတို့ TNLA အနေနဲ့ မိမိကိုယ်မိမိခုခံကာကွယ်ခြင်းအနေနဲ့ သာ ခံစစ်ကို ပြုလုပ်နေတာဖြစ်တယ်” ဟု လွေးယေဦးက ပြောသည်။

စစ်ကောင်စီ၏ထိုးစစ်ဆင်မှုများကြောင့် နောင်ချိုမြို့နယ်အတွင်းရှိ TNLA ထိန်းချုပ်ထားသောနေရာအချို့ကို လက်လွတ်လိုက်ရကြောင်းသိရသည်။

‘” နောင်ချိုဖက်မှာတော့ တိုက်ပွဲတွေတဖြေးဖြေးပိုများလာတယ်၊ စစ်ရေးဗျူဟာအရတော့ စစ်ကောင်စီဖက်က ထိုးစစ်ဆင်လာတာမျိုး၊ TNLA ဖက်က ခုခံစစ်နဲ့ဆင်နွဲနေတာဖြစ်တယ်၊ စစ်ရေးဗျူဟာအရ ဆောင်ရွက်နေကြတာမို့ အခုအချိန်မှာ အနိုင်အရှုံးပြောဖို့စောနေပါသေးတယ်” ဟု ၎င်း ကဆက်ပြောသည်။

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု၊ လက်နက် ကြီးပစ်ခတ်မှုများကြောင့် တိုက်ပွဲအနီးတစ်ဝှိုက်ရှိ ပြည်သူများ၏ လုံခြုံးရေးသည် အလွန်စိုးရိမ်ဖွယ်ရှိကြောင်း၊ လူထုအနေဖြင့် လုံခြုံရေးလမ်းညွန်မှုများ၊ လေကြောင်းကာကွယ်ရေးလမ်းညွန်များကို လိုက်နာရန်လိုအပ်ကြောင်း TNLA ကအသိပေးထားသည်။

ယနေ့အချိန်ထိနောင်ချိုမြို့နယ်တွင်TNLA နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများဆက်လက်ပြင်းထန်ဖြစ်ပွားနေကြောင်းသိရသည်။

#PPV 003
#တိုက်ပွဲ
#TNLA
#နောင်ချို
#တောင်ခမ်း

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295