ခမ်းသားငေါဝ်း
ဇွန်လ ၆၊ ၂၀၂၅
https://www.facebook.com/share/p/1FymFPfXwz/
လွိုင်ကော်မြို့အနီး၊ သပြေကုန်း တိုက်ပွဲတွင်စစ်ကောင်စီဖက်မှ ၂၀ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း KNDF ဗျူဟာ အမှတ် ၂ ကထုတ်ပြန်ထားသည်။
ကရင်နီ( ကယား)ပြည်နယ်၊ လွိုင်ကော် မြို့အနီး၊ သပြေကုန်းရွာ ဘုန်းကြီးကျောင်းဝန်းအတွင်းအခိုင်အမာတပ်စွဲထားသော စစ်ကောင်စီစခန်းကို တော်လှန်ရေး တပ်ဖွဲ့က ဇွန်လ ၃ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
” လွိုင်ကော်မြို့ပြင်က စစ်ကောင်စီတပ်စွဲထားတဲ့ စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်တာလို့သိရပါတယ်၊ ကျန်တဲ့စစ်ရေးအခြေအနေတွေကတော့ လက်ရှိအချိန်မှာ ပြောပြလို့မရသေးတဲ့အခြေအနေပါ” ဟု တော်လှန်ရေးရဲဘော်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
အဆိုပါအထိုင်စခန်းကို တိုက်ခိုက်နေစဥ် အတွင်းစစ်ကောင်စီ ၏ စစ်ကူလာသောစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ MA 1သေနတ် ၅ လက်၊ AK 47 သေနတ် ၁ လက်၊ MA-4 သေနတ် ၁ လက် နှင့် အခြားလက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်းဖော်ပြထားသည်။
ထိုတိုက်ပွဲကို KNDF ဗျူဟာအမှတ် ၂ နှင့် မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဖက်မှ ၂၀ ဦးထက်မနည်းသေဆုံးကာ KNDF ဗျူဟာအမှတ် ၂ မှ ရဲဘော် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
#PPV 003
#တိုက်ပွဲ
#ကရင်နီ
#လွိုင်ကော်
#ကရင်နီ
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295