ခမ်းသားငေါဝ်း
ဇွန်လ ၆၊ ၂၀၂၅

https://www.facebook.com/share/p/16AGqqBsGN/

စားအုန်းဆီရန်ကုန်အထိုင်ပေါက်စျေး ၆၃၀၀ ကျော် ဖြစ်သော်လည်း တောင်ကြီးမြို့တွင် ၇၅၀၀ ကျပ် ပေးဝယ်နေရကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

ရန်ကုန်အထိုင်စျေး ၆၃၀၀ ကျပ် ဆိုသော်လည်း ၊ တောင်ကြီးမြို့ တွင် တစ်ထောင်ကျပ် အကွာ စျေးနှုန်းဖြင့် ၇၅၀၀ ကျပ် နှုန်းရောင်းချနေကြောင်း သိရသည်။

“တကယ်ဆိုရင် စျေးနှုန်း တန်းတူထားပြီး ရောင်းချပေးရင် ပိုကောင်းတာပေါ့။ လိုသလောက်လည်း ဝယ်လို့ မရဘူးလေ။ ၁၅ ရက်ကိုမှ တစ်ပိဿာ ပဲ ရောင်းပေးတယ်။ သတ်မှတ်ရက် အလိုက်ပဲ ဝယ်ခွင့်ရတာပေါ့။”စား အုန်းဆီ ဝယ်ယူသူ တစ်ဦးက ဆိုသည်။

ပြည်တွင်းစျေးကွက်အတွင်း ထုတ်ပြန်စျေးနှုန်းထက် ပိုမို စျေးတင်ရောင်းချခြင်းရှိပါက အရေးယူ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသော်လည်း စစ်ဆေး ဆောင်ရွက်ခြင်း ၊ အရေးယူခြင်း တစ်ကြိမ်မျှ မရှိခဲ့ဖူးကြောင်း သိရသည်။

ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ဇွန် ၂ ရက်မှ ၈ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၃၁၀ ဖြစ်ကြောင်း စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားသည်။

ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန် ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်းလည်း သိရသည်။

#PPV-006
#social
#စားအုန်းဆီ
#စျေးနှုန်း
#တောင်ကြီး