ခမ်းသားငေါဝ်း
ဇွန်လ ၆၊ ၂၀၂၅

https://www.facebook.com/share/p/1BRaSwuGsH/

(TNLA)ထိန်းချုပ်ဒေသ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီမှ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ(၄)ဦး ထိခိုက်ဒဏ်ရာရပြီး ဘုန်းကြီးကျောင်း (၁)ကျောင်းနှင့် နေအိမ်(၂)လုံး ပျက်စီးသွားကြောင်း ဇွတ်လ ၆ ရက်နေ့က TNLA ထုတ်ပြန်သည်။

အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီမှ နောင်ချိုမြို့နယ်မှာ ဇွန်လ(၄)ရက်နေ့က လက်နက်ကြီးဖြင့် (၈)ကြိမ် ပစ်ခတ်တိုက်ခိုက်သည့်အပြင် ထိုးစစ်ဆင်လာမှုကြောင့် အနီးနားရှိ ကျေးရွာများမှ ဒေသထံများ တိမ်းရှောင်နေရကြောင်း သိရသည်။

“ကျွန်တော်တို့အမျိုးက နောင်လိတ်ဖက်နေတယ်။ အခုအနီးနားရွာအများစုလည်းစစ်ရှောင်ရပြန်တယ်ပြောတယ်။ ရွာထဲထိမရောက်သေးဘူးဆိုပေမဲ့ ကြိုရှောင်ကြရတယ် ပြောတယ်။ အခုမြောက်ပိုင်းမှာ တတိယလှိုင်းပြန်စနိုင်မလားဆိုပြီး ပြောနေကြတာတော့ ရှိတယ်”ဟု နောင်ချိုမြို့နယ်နေ ဒေသခံတစ်ဦးက ပြောသည်။

ဇွန်လ(၄)ရက်နေ့က စစ်ကောင်စီမှ ပစ်ခတ်တိုက်ခိုက်သည့် လက်နက်ကြီးကြောင့် နောင်ချိုမြို့ဈေးရပ်ကွက်မှာ နေထိုင်သည့် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၂)ဦးဗုံးစ ထိမှန်ဒဏ်ရာရခဲ့ကြောင်း TNLA၏ ထုတ်ပြန်ချက်တွင်းဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လ(၃)ရက်နေ့ နံနက်(၈:၄၅)အချိန်တွင်လည်း စစ်ကောင်စီသည် ရေဖြူကျေးရွာမှနေပြီး ဂန့်ဂေါကျေးရွာအတွင်းသို့ ဒရုန်းဗုံး(၆)လုံး ပစ်ချခဲ့ပြီး ညနေ(၄)နာရီအချိန်၌ ဒရုန်းဖြင့် ကန်ကြီးကျေးရွာသို့ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ညီနောင်မဟာမိတ်တပ်ဖွဲ့သည် အပစ်ရပ်ကာလကို ဇွန်လကုန်အထိသက်တမ်းတိုးကြောင်း ဇွန်လ(၂)ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

ထို့အတူ စစ်ကောင်စီသည်လည်း ‌ဇွန်လကုန်အထိ အပစ်ရပ်ကာလကြေညာထားသော်လည်း TNLA ထိန်းချုပ်ရာ ဒေသသို့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ချတိုက်ခိုက်မှုတို့ကို ကျူးလွန်နေကြောင်း သိရသည်။

စစ်ကောင်စီသည် TNLAထိန်းချုပ်ဒေသ၌ မေလအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း (၅၅)ကြိမ်၊ လေကြောင်းတိုက်ခိုက်မှုပေါင်း (၃၁၀)ကြိမ်ရှိကြောင်း ဇွန်လ(၅)ရက် သတင်းစာရှင်းလင်းပွဲမှာ သတင်းပြန်ကြားရေး တာဝန်ခံ‌ လွေးယဉ်ဦးက ပြောသည်။

စစ်ကောင်စီက မကြာခဏ လေကြောင်း၊လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်နေသောကြောင့် ပြည်သူများအနေဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရှောင်ရှားနိုင်ရန် အမြဲသတိရှိစွာ နေထိုင်ကြရန်TNLAက သတိပေး ထုတ်ပြန်ထားသည်။

#PPV0011
#Humanright
#TNLA
#ေနာင်ချို
#လက်နက်ကြီး