ခမ်းသားငေါဝ်း
ဇွန်လ ၆၊ ၂၀၂၅
https://www.facebook.com/share/p/1AP3kceiWf/
စစ်ကောင်စီ၏ လူသားမျိုးနွယ်အပေါ် အမျိုးမျိုးသော ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် မေလမှာ အမျိုးသမီးသေဆုံးမှု (၉၂)ဦးရှိကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)၏ ဇွန်လ(၆)ရက်မှာ ထုတ်ပြန်သော စာရင်းအရ သိရသည်။
အသက်ဆုံးရှုံးခဲ့ရသည့် အကြောင်းရင်းမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် (၈၁)ဦး၊ ပြည်သူများ၏ နေအိမ်ကျေးရွာသို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် (၄)ဦး၊ သတ်ဖြတ်ခံရမှု(၄)ဦး၊ အကျဉ်းထောင်အတွင်း ဆေးဝါးကုသမှု မရရှိမှုကြောင့် (၁)ဦးနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် (၂)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
အသက်ဆုံးရှုံးခဲ့သည့် အမျိုးသမီး(၉၂)ဦးထဲမှ (၂၉)ဦးသည် အသက်(၁၈)နှစ်အောက် အမျိုးသမီးများ ဖြစ်ကြောင်း ဖော်ပြချက်အရ သိရသည်။
ထို့အပြင် ဒဏ်ရာရရှိသူ အမျိုးသမီး(၈၁)ဦးရှိပြီး ထိုထဲမှ (၇၀)ဦးသည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် (၇)ဦး၊ မြေမြှုပ်မိုင်းကြောင့်(၃)ဦး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် (၁)ဦးတို့ ပါဝင်ကြောင်း သိရသည်။
မြန်မာ့အမျိုးသမီးသမဂ္ဂ၏ အချက်အလက်အရ မေလအတွင်း အမျိုးသမီးသေဆုံးမှုသည် စစ်ကိုင်းတိုင်း ဒေသကြီးမှာ (၄၁)ဦးဖြင့် အများဆုံးဖြစ်ကြောင်း တွေ့ရသည်။
ရခိုင်ပြည်နယ်မှာ အမျိုးသမီးသေဆုံးမှု (၁၆)ဦးနှင့် မန္တလေးတိုင်းဒေသကြီးမှာ (၁၄)ဦးဖြင့် တတိယအများဆုံး သေဆုံးခဲ့ရကြောင်း ဖော်ပြထားသည်ကိုတွေ့ရသည်။
မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)မှ ထုတ်ပြန်ထားသည့် အချက်အလက်သည် တိကျခိုင်လုံသော သတင်းမီဒီယာအချက်အလက်များနှင့် မြေပြင်မှ ရရှိသည့် အချက်အလက်ကို စုဆောင်းမှတ်တမ်းတင်ထားခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
သို့သော် လက်တွေ့မြေပြင်အခြေအနေမှာ BWUအနေဖြင့် ဒေတာနှင့် အချက်အလက်များကို လက်လှမ်းမီနိုင်ရန် အခက်ခဲများစွာ ရှိသောကြောင့် ကိန်းဂဏန်းများသည် မြေပြင်မှာ ယခုထက် ပိုများနိုင်ကြောင်း ဖော်ပြထားသည်။
#PPV0011
#Humanright
#BWU
#အမျိုးသမီး
#သေဆုံး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295