ခမ်းသားငေါဝ်း
ဇွန် ၄၊ ၂၀၂၅
https://www.facebook.com/share/p/1E7TRmCWuD/
တောင်ကြီးတွင် လိုင်စင်မဲ့ယာဉ်များ ဖမ်းစီးခြင်းကြောင့် ကားဖြင့်တစ်နိုင်တပိုင်းစျေးရောင်းသူများ အခက်အခဲကြုံတွေ့နေရကြောင့် တောင်ကြီး ဒေသခံထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်၌ လိုင်စင်မဲ့ယာဉ် ကား၊ဆိုင်ကယ် ဖမ်းဆီးခြင်းကြောင့် ကားဖြင့် တစ်နိုင်တပိုင်းစျေးရောင်းသူများ စျေးရောင်းထွက်ရန် အခက်အခဲကြုံနေရကြောင်း ဒေသခံဆီများမှသိရပါသည်။
“ကားက (W) ဆိုတော့ ဘယ်မှာ မသွားဖြစ်တော့ဘူး ၊ စျေးမရောင်းထွက်ဖြစ်ဘူး၊ မြို့ပေါ်တို့ပစ္စည်းတွေ ဖျော်ရည်ဖာတွေ သယ်ရင်တော့ကားနဲ့သယ်နေကြ၊ အခုကြတော့ ဆိုင်ကယ်နဲ့သယ်နေရတယ် တော်တော် ခက်ခဲတယ်၊ ဆိုင်ကယ်နဲ့ပဲ ဖြစ်သလိုသယ်တယ် တခြားကားဌားဖို့ကလည်း စျေးကြီးတယ် ၊ ခုခြေနေနဲ့ဆို ပိုတောင်တောင်းသေး”ဟု တစ်နိုင်တစ်ပိုင်း စျေးသည် တစ်ဦးမှခမ်းသားငေါဝ်းကိုပြောသည်။
တောင်ကြီးမြို့ပေါ်၌ လိုင်စင်မဲ့ယာဉ်များအား အိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးခြင်းများ ကြားသိရသဖြင့် စိုးရိမ်မှုများရှိကြောင့်သိရသည်။
“ကားတော့ အိမ်ထဲမှပဲထားတာပိုကောင်းတယ်၊ တချို့က အိမ်ထဲ ထိတောင်ဝင်ဖမ်းတယ်ပြောနေကြတော့၊ အခုလက်ရှိတော့မသုံးတာကောင်းတယ် ဆိုင်ကယ်ဘဲ အရင်သုံးပေါ့”ဟု ဒေသခံတစ်ဦးမှ အကြံပြုထားသည်။
စစ်ကောင်စီ သည် မေလ (၂)ရက်တွင် လိုင်စင်မဲ့မော်တော်ယာဉ် နှင့် ဆိုင်ကယ်များကို ထိထိရောက်ရောက် ဖမ်းဆီး အရေးယူရန် နေပြည်တော်အစည်းအဝေးတွင် မှတ်ချက်ပေး ပြောဆိုပြီးနောက် တောင်ကြီးမြို့တွင် စီမံချက်ဖြင့် မေလ (၃၀)ရက်မှ စတင်ဖမ်းဆီးရာတွင် ကားကို အဓိကထား ဖမ်းဆီးပြီး၊ ညောင်ရွှေ ၊အောင်ပန်း၊ ပင်လောင်း ၊ရပ်စောက် ၊ဟဲဟိုး နှင့် ရွာငံ စသည့်မြို့များတွင် ဆိုင်ကယ်များအဓိက ထား ဖမ်းဆီးနေကြောင်းသိရပါသည်။
PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#မှုခင်း
#တောင်ကြီးမြို့
#လိုင်စင်မဲ့ယာဉ်
#ကား၊ဆိုင်ကယ်
#တစ်နိုင်တပိုင်းစျေးရောင်းသူများ
#အခက်အခဲကြုံနေရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7