ခမ်းသားငေါဝ်း

ဇွန် ၃၊ ၂၀၂၅

https://www.facebook.com/share/p/169yUWTSKt/

အာဆီယံအနေဖြင့် စစ်ကောင်စီကို အာဆီယံသဘောတူညီချက် (၅)ချက် လိုက်နာရန် တိုက်တွန်းသော်လည်း အပြစ်မဲ့ပြည်သူများနှင်ကျောင်းသားများကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ကျူးလွန်နေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)မှထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် အပြစ်မဲ့ပြည်သူများနှင့် ကျောင်းသားများကိုပါ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်နေခြင်းကြောင့် မေလ တစ်လတာ အတွင်း ပြည်သူစုစုပေါင်း (၁၅၂)ယောက်သေဆုံးခဲ့ရပြီး နိုင်ငံရေးအရဖမ်းဆီးချုပ်နှောင်ခံရသူ စုစုပေါင်း (၉) ဦးရှိကြောင်း ဇွန်လ (၃)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“အဲသလို ကျူးလွန်နေတာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်ရာရောက်နေပြီး ပြည်သူတွေအနေနဲ့လည်း စစ်အုပ်စုကို ခွင့်လွှတ်ပေးဖို့ ပိုပြီးခက်ခဲလာစေပါတယ်၊ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ပြဿနာဟာ မြန်မာနိုင်ငံတွင်းမှာပဲ ရပ်တန့်နေတာ မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံများကိုပါ ပျံ့နှံ့နေတာပါ၊ စစ်အုပ်စုရဲ့အပြုအမူတွေဟာ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်နေပါတယ်”ဟု (အေအေပီပီ)၏ တွဲဖက်အတွင်းရေးမှူးမှပြောသည်။

ထို့သို့ ကျူးလွန်နေခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်း၊ အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် ယခုလို ဆက်လက်ကျူးလွန်နေခြင်းကို အမြန်ဆုံးရပ်တန့်အောင် နည်းလမ်းရှာရာတွင် စစ်အုပ်စုခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံခြင်းသည် စစ်အုပ်စု ကျူးလွန်နေသည့် ရာဇဝတ်မှုများကို အားပေးနေခြင်းဖြစ်ပြီး ပြစ်ဒဏ်မှကင်းလွတ်ရန် အထောက်အကူပြုနေခြင်းပဲ ဖြစ်ကြောင်း၎င်း ကဆက်ပြောသည်။

စစ်ကောင်စီ၏ လက်ချက်ကြောင့် မေလ (၈)ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သရက်ချိုကျေးရွာကို စစ်ကောင်စီလက်အောက်ခံ အမှတ် (၉၀၂)အမြောက်စခန်းကွက်ကဲမှုဌာနချုပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ် ခြင်းကြောင့် ထိုရွာရှိ မင်္ဂလာဆောင်ပွဲကျင်းပရာနေရာသို့ လက်နက်ကျည်ကျရောက်ပေါက်ကွဲသဖြင့် အသက်(၅)နှစ်အရွက်ကလေးငယ်အပါအဝင်ဒေသခံ (၄)ဦးသေဆုံးခဲ့ရာပြီး ထိခိုက်ဒဏ်ရာရသူ(၇)အားဆေးရုံသို့ပို့ဆောင်နိုင်သော်လည်း မေလ ၁၀ရက်နေ့တွင် ၎င်း (၇)ဦး လည်းသေဆုံးခဲ့သည်။

PPV0013
ပုံ.အွန်လိုင်း
#လူ့အခွသ့်အရေး
#အာဆီယံအနေဖြင့်
#အာဆီယံသဘောတူညီချက်
#အပြစ်မဲ့ပြည်သူများနှင်ကျောင်းသားများ
#လေကြောင်းတိုက်ခိုက်မှု
#နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
#အအပေီပီ

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7